တရုတ်အစိုးရပိုင် လေကြောင်းကုမ္ပဏီ AviChina မှာ ရင်းနှီးမြှုပ်နှံထားတဲ့ အစုရှယ်ယာအားလုံး Airbus ကုမ္ပဏီ ရုပ်သိမ်း
- BVJ

- Jun 22
- 1 min read
BVJ/အေတီ_ဇွန် ၁၉ ၊၂၀၂၅

သူတို့ကုမ္ပဏီက တရုတ်အစိုးရပိုင် AviChinaကုမ္ပဏီမှာ ရင်းနှီမြုပ်နှံထားတဲ့ အစုရှယ်ယာတွေအားလုံးကို Airbus ကုမ္ပဏီက ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ်။
မြန်မာစစ်တပ်နဲ့ ပူးပေါင်းအလုပ်လုပ်နေတဲ့ AviChina ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားတဲ့အစုရှယ်ယာငွေတွေ ပြန်ရုပ်သိမ်းလိုက်တဲ့ Airbus ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း Justice For Myanmar အဖွဲ့နဲ့ Info Birmanie အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Airbus ကုမ္ပဏီဟာ တရုတ်အစိုးရပိုင် AviChinaကုမ္ပဏီမှာ ၂၀၂၄ ခုနှစ် ဇွန်လကစပြီး အမေရိကန်ဒေါ်သန်း၂၄၀နဲ့ညီမျှတဲ့ အစုရှယ်ယာ ၅ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံခဲ့ပါတယ်။
မြန်မာစစ်တပ်ကို ထောက်ပံ့ကူညီနေတဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားတဲ့ Airbus ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်အပေါ် အရပ်ဖက်အဖွဲ့အစည်းတွေက ဆန့်ကျင်ကန့်ကွက်ခဲ့မှုဖြစ်ပေါပြီး လပိုင်းအကြာမှာ အစုရှယ်ယာပြန်ရုပ်သိမ်းဖို့ ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတာပါ။
Airbus ကုမ္ပဏီက AviChina ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကိစ္စကို Justice For Myanmar အဖွဲ့အပါအဝင် အခြား အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး၊ အဲ့ဒီအဖွဲ့တွေထဲမှာ လန်ဒန်အခြေစိုက် Stars of Myanmar Friendship အဖွဲ့လည်း ပါဝင်ပါတယ်။
“AviChinaကုမ္ပဏီရဲ့ ရင်းနှီးမြုပ်နှံသူအဖြစ်က Airbus ကုမ္ပဏီနုတ်ထွက်လိုက်တာဟာ ကျွန်မတို့အားလုံးအတွက် သတင်းကောင်းတစ်ခုပါ။ ဒါဟာ လေယာဥ်ဗုံးကြဲမှုဒဏ်ခံနေရတဲ့ မြန်မာပြည်သူပြည်သားတွေအတွက် သက်သာရာရသွားစေမယ့် ရလဒ်ကောင်းတစ်ခုလို့မြင်ပါတယ်။ ကျွန်မတို့လို နိုင်ငံပြင်ပကနေ မြန်မာနိုင်ငံအရေး လှုပ်ရှားနေတဲ့သူတွေအတွက်လည်း စိတ်ခွန်အားဖြစ်စေမယ့်ကိစ္စတစ်ခုပါ” လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး SMFC အဖွဲ့တည်ထောင်သူ မဂျူလီခိုင်က BVJ ကိုပြောပါတယ်။
တရုတ်အစိုးရပိုင် AVIC (Aviation Industry Corporation of China)ဟာ အပြစ်မဲ့အရပ်သားတွေ ကို လေကြောင်းကနေ နေ့စဥ်လိုလို ဗုံးကြဲသတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ တိုက်ရိုက်ရော၊ သွယ်ဝိုက်၍ပါ ပူးပေါင်းပါဝင်ကူညီနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
Airbus ကုမ္ပဏီ၏ မိတ်ဖက် AVIC ကုမ္ပဏီ ဟာ မြန်မာစစ်အာဏာရှင်ကို ငွေကြေးထောက်ပံ့မှု အပြင် အခြားထောက်ပံ့ကူညီမှုများစွာ (လေယာဥ်နှင့်လက်နက်) ကို ပြုလုပ်နေကြောင်း Justice for Myanmarအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။







Comments