၁၀ယောက်ထဲကျန်တဲ့အင်္ဂလန်အသင်း မက္ကဆီကို ကိုအနိုင်ကစားပြီး ကွာတားဖိုင်နယ်တက်
- BVJ

- Jul 6
- 1 min read
မက္ကဆီကို ၂ -၃ အင်္ဂလန်

မက္ကဆီကိုစီးတီးရဲ့ Azteca ကွင်းကြီးမှာယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလန်နဲ့မက္ကဆီကိုတို့ရဲ့ ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ်ဟာအကြိတ်အနယ်ဖြစ်ခဲ့သလို အခြေအနေတွေကလည်းအပြောင်းအလဲမြန်ပြီး စိတ်လှုပ်ရှားစရာပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။
ပထမပိုင်း ၃၆မိနစ်နဲ့၃၈မိနစ်မှာ ဂျုဒ်ဘယ်လင်ဂမ် (Jude Bellingham)က (၉၈) စက္ကန့်အတွင်းမှာ အင်္ဂလန်အသင်းအတွက်(၂) ဂိုးသွင်းယူပေးခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကတဆင့် ဘယ်လင်ဂမ်သွင်းယူခဲ့တဲ့ ဂိုးနှစ်ဂိုးနဲ့အင်္ဂလန်ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ခံလူကွမ်ဆာ (Quansah) ၅၄မိနစ်မှာအနီကတ်နဲ့ ထုတ်ခံလိုက်ရတဲ့အတွက် ပွဲပြီးတဲ့အချိန်ထိ အင်္ဂလန်တို့ (၁၀)ယောက်ထဲနဲ့အနိုင်ကစားခဲ့ရပါတယ်။

၁၀ယောက်ထဲဖြစ်သွားချိန်မှာ အသင်းခေါင်းဆောင်ဟယ်ရီကိန်းက တတိယဂိုးကို ပင်နယ်တီကတဆင့်သွင်းယူပေးခဲ့တာက အင်္ဂလန်အတွက်အရေးပါတဲ့ အသက်ရှူပေါက်ဖြစ်ခဲ့ပါတယ်။ မက္ကဆီကိုအသင်းအတွက်ချေပဂိုးနှစ်ဂိုးကို ကွင်းနို (Quinones)က ၄၂မိနစ်၊ ဂျီမီနက်ဇ်က ၆၉မိနစ်မှာ(ပယ်နယ်တီ)ကတဆင့်ပြန်သွင်းပေးခဲ့ပေမယ့် အင်္ဂလန်ခံစစ်ကိုတော့ထပ်မံကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။

ဒီပွဲဟာ အင်္ဂလန်အတွက် ဂျုဒ် ဘယ်လင်ဂမ်ရဲ့ဖန်တီးမှုနဲ့ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်တို့ရဲ့ ရဲရင့်မှုတို့ပေါင်းစပ်ပြီး ရရှိလာတဲ့အောင်ပွဲတစ်ခုလို့ပြောရမှာပါ။
အင်္ဂလန်အသင်းဟာ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ ဘရာဇီးကိုအနိုင်ယူ ထားတဲ့ နော်ဝေအသင်းနဲ့ကွာတားဖိုင်နယ်မှာရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။




Comments