ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် စစ်သင်တန်းဆင်းပွဲနဲ့လက်နက်တပ်ဆင်ခြင်းကို တအာင်းပြည်တွင် ပြုလုပ်
- BVJ

- Jun 24
- 1 min read
BVJ/ယူဂရင်း_ ဇွန် ၂၄၊ ၂၀၂၅

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF /DPLAရဲ့ အပတ်စဉ် (၆ ) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာမှာ အခုလ ၂၁ရက်က ပြုလုပ်ခဲ့ကြောင်း ဒီနေ့မှာအသိပေးထုတ်ပြန်ပါတယ်။
သင်တန်းဆင်းပွဲမှာ ရဲဘော်တွေအနေနဲ့ ဓနုဒေသအတွင်းရှိပြည်သူလူထုကို သစ္စာရှိရှိနဲ့ကာကွယ်သွားကြဖို့၊ အမိန့်နာခံတတ်စေဖို့နဲ့ ဘယ်လိုအခြေအနေမှာပဲဖြစ်စေ စိတ်ဓာတ်မကျဘဲ စစ်အာဏာရှင်ကို တိုက်ထုတ်သွားကြဖို့ဆိုပြီး DPLF/DPLA ဥက္ကဌ ဦးထွန်းထွန်းနိုင်ကမှာကြားပါတယ်။
စစ်သင်တန်းဆင်းပွဲနဲ့လက်နက်တပ်ဆင်ခြင်းနဲ့ပတ်သက်ပြီး DPLF/DPLA ဥက္ကဌ ဦးထွန်းထွန်းနိုင်က “အရာအားလုံးအတွက် မဟာမိတ်PSLF/TNLA အား ကျေးဇူးအထူးတင်ပါတယ်ဗျ”လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အခုစစ်သင်တန်းကို ဓနုဒေသအတွင်းရှိပြည်သူလူထုကိုကာကွယ်နိုင်ဖို့၊ ရန်သူကိုအမြဲသတိထားတတ်စေဖို့နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိစေဖို့တို့ကို အဓိကထားပြီး သုံးလကြာသင်တန်းပေးခဲ့တာလို့ သိရပါတယ်။
သင်တန်းဆင်းပွဲနဲ့အတူ တပ်ဖွဲ့အတွက် လက်နက်တပ်ဆင်ခြင်းအခမ်းအနားကိုလည်း တပါထဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။







Comments