BVJ တစ်ဦးရဲ့ အိမ်အပြန်ခရီး
- BVJ

- Feb 19
- 1 min read
Burma VJ အဖွဲ့သား ကိုအောင်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံ ကရင်နီပြည်ထဲ လူကိုယ်တိုင်သွားရောက် သတင်းယူခဲ့ပါတယ်။ ဒီခရီးဟာ သူ့အတွက် မြန်မာပြည် ကထွက်သွားပြီး ၁၅နှစ်ကြာမှ အမိမြေပေါ် ပထမဆုံး ပြန်ခြေချခွင့်ရတဲ့ခရီးဖြစ်ပါတယ်။
ကရင်နီပြည်ခရီးစဥ်အတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး ကလလတရုံးချုပ် ကို ရောက်ခဲ့သလို တိုက်ပွဲတွေကြောင့် တရွာလုံး ပျက်စီးသွားတဲ့ ပန်တိမ်းရွာ အခြေအနေကိုလဲ သွားရောက်လေ့လာခဲ့ပါတယ်။
ပြီးတော့ အရင်က ဘယ်မီဒီယာမှမရောက်သေးတဲ့ စစ်သုံ့ပန်း ၅၀ကျော်ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းစခန်းတစ် ကို ရောက်သွားပြီး စစ်သုံ့ပန်း ဒုတိယဗိုလ်မှူးကြီး ရဲမင်းဌေးနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ကိုအောင်ကြီးရဲ့ ကရင်နီပြည်ခရီးစဥ်အကြောင်း အပိုင်းလိုက် ဆက်တိုက်တင် ဆက်ပေးသွား မှာဖြစ်ပါတယ်။
BVJ ယူကျု့က ဗီဒီယိုတွေ ကြည့်ရှုအားပေးပြီး subscribe လုပ်ပေးခဲ့ပါလို့ ပန်ကြားပါရစေ။







Comments