top of page

BGF နဲ့ DKBA တို့က ကျားဖြန့်လုပ်ငန်းတွေကို ကူညီနေ၊ လူကုန်ကူးခံရသူ ၆၀၀၀ ထက်မနည်း ဖမ်းဆီးခံထားရဆဲဖြစ်

  • Writer: BVJ
    BVJ
  • Jan 11
  • 1 min read

"ကျွန်တော်တို့ သေတာ၊ ရှင်တာကို သူတို့အနေနဲ့ ဂရုမစိုက်ဘူး။ ပြီးတော့ အဲ့မှာရှိတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ကလည်း အဲ့တရုတ်လူမျိုးဆီကနေ ပိုက်ဆံယူထားတယ်။ တကယ်လို့ ကျွန်တော်တို့ ထွက်ပြေးရှိရင်လည်း ဖမ်းမိရင် အဲ့အဖွဲ့က ချုပ်နှောင်ထားတယ်။ တစ်နေ့ကို ၁၇ နာရီ၊ ၁၈ နာရီလောက် အလုပ်လုပ်ရတယ်။ လူတစ်ယောက်လို မနေထိုင်ခဲ့ရဘူး" (ကျားဖြန့်လုပ်ငန်းက ပြန်လည်လွတ်မြောက်လာသူတစ်ဦး)


BVJ/Moore _ ဇန်နဝါရီ ၁၁ ၊ ၂၀၂၅


Photo: Thai Enquirer
Photo: Thai Enquirer

မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ လောင်းကစား (ကျားဖြန့်) လုပ်ငန်းမှာ လူကုန်ကူးခံရသူ ၆၀၀၀ ထက်မနည်းဟာ ဖမ်းဆီးခိုင်းစေခံနေဆဲဖြစ်တယ်လို့ လူကုန်ကူးခံရသူများ ထောက်ပံ့ကူညီရေး အရပ်ဘက်လူမှုအဖွဲ့အစည်း (Civil Society Network for Victim Assistance in Human Trafficking) က အခုလ ဇန်နဝါရီ ၈ ရက် အင်္ဂါနေ့မှာ ထုတ်ပြန်လာပါတယ်။


ဖမ်းဆီးခိုင်းစေခံနေရတဲ့ လူကုန်ကူးခံရသူ ၆၀၀၀ ထက်မနည်းဟာ နိုင်ငံပေါင်း ၂၁ နိုင်ငံကနေ လိမ်လည်ခေါ်ယူ ခိုင်းစေခံနေရသူတွေဖြစ်တယ်လို့လည်း Civil Society Network ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူကုန်ကူးခံရသူတွေထဲမှာ တရုတ်နိုင်ငံသား ၃၉၀၀ ခန့်ပါဝင်နေပြီး သူတို့တွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နှိပ်စက်ခံထားရတယ်လို့လည်း ဖော်ပြထားပါတယ်။


ကျားဖြန့်လုပ်ငန်းများ ကြီးစိုးရာ မြဝတီမြို့နယ် ရွှေကုက္ကိုလ်ကို ထိုင်းဘက်ခြမ်းမှ တွေ့မြင်ရစဉ် (Photo: BVJ)
ကျားဖြန့်လုပ်ငန်းများ ကြီးစိုးရာ မြဝတီမြို့နယ် ရွှေကုက္ကိုလ်ကို ထိုင်းဘက်ခြမ်းမှ တွေ့မြင်ရစဉ် (Photo: BVJ)

ထိုင်းနိုင်ငံ မဲဆောက်မြို့ဟာ လူကုန်ကူးသူတွေအတွက် ကျားဖြန့်လုပ်ငန်းကို ပို့ဆောင်ဖို့ အဓိကအချက်အချာ ဖြတ်သန်းရာနေရာတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ကျားဖြန့်လုပ်ငန်းနဲ့ လူကုန်ကူးသူတွေကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့ကလည်း အကူအညီပေးနေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ သောကြာနေ့ (ဇန်နဝါရီ ၄) ကလည်း ထိုင်းလူ့အခွင့်အရေးကော်မရှင် (NHRC) ထံ Civil Society Network က အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ထားပြီး မြန်မာနိုင်ငံထဲမှာရှိတဲ့ လူကုန်ကူးခံရသူတွေကို ကူညီကယ်တင်ဖို့ တောင်းဆိုထားပါသေးတယ်။


လူကုန်ကူးခံရသူတွေဟာ ထိုင်းနိုင်ငံအတွင်း လစာကောင်းကောင်းနဲ့ အလုပ်ရမယ်လို့ လိမ်လည်လှည့်ဖြားခံရပြီး အဲဒီကနေတဆင့် မြန်မာနိုင်ငံဘက် ကျားဖြန့်လုပ်ငန်းမှာ ခိုင်းစေခံရတယ်လို့ဖြစ်ပါတယ်။ ကျားဖြန့်လုပ်ငန်းအတွင်း လျှပ်စစ်နဲ့ ရှော့ခ်တိုက်နှိပ်စက်တာ၊ ရေပူနဲ့လောင်းတာ၊ အကြမ်းဖက်ခြိမ်းခြောက်တာ စတဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းမှုတွေကိုလည်း လုပ်ဆောင်ခံနေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


၂၀၂၃ ခုနှစ် ဇန်နဝါရီလက BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သီရိပျံချီဘွဲ့ ပေးနေစဉ် (ဓာတ်ပုံ - စစ်ကောင်စီ ပြန်ကြားရေး)
၂၀၂၃ ခုနှစ် ဇန်နဝါရီလက BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သီရိပျံချီဘွဲ့ ပေးနေစဉ် (ဓာတ်ပုံ - စစ်ကောင်စီ ပြန်ကြားရေး)

“ကျွန်တော်တို့ မြန်မာနိုင်ငံထဲ (ကျားဖြန့်လုပ်ငန်း) မှာ ခိုင်းစေခံရတုန်းက ရုပ်ပိုင်းစိတ်ပိုင်း နှိပ်စက်ခံခဲ့ရပါတယ်။ သူတို့ လိုချင်တဲ့ ငွေကြေးအရေအတွက်မရရင် ထိုးနှက်တာ လျှပ်စစ်နဲ့ရှော့ခ်တိုက်တာတွေ လုပ်တယ်။ ကျွန်တော်တို့အနေနဲ့ လာအိုအာဏာပိုင်တွေကို အကူအညီတောင်းခံခဲ့ပေမဲ့ အရာမထင်ခဲ့ဘူး။ ဒါကြောင့် ထိုင်းနဲ့ တရုတ်အာဏာပိုင်တွေကို သူတို့ကို ဒီငရဲတွင်းကနေ ကူညီဖို့ အကူအညီတောင်းခံခဲ့ရတယ်”လို့ လူကုန်ကူးခံရတဲ့ လာအိုနိုင်ငံသားတစ်ဦးကလည်း သူ ပြန်လည်လွတ်မြောက်လာချိန် Civil Society Network ကနေတဆင့် ပြောပြခဲ့ပါတယ်။


ree

ကျားဖြန့်လုပ်ငန်းကနေ လွတ်မြောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးကလည်း “အဲဒီမှာရှိတဲ့ အထက်လူကြီး တရုတ်လူမျိုးကလည်း ကျွန်တော်တို့ သေတာ၊ ရှင်တာကို သူတို့အနေနဲ့ ဂရုမစိုက်ဘူး။ ပြီးတော့ အဲ့မှာရှိတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ကလည်း အဲ့တရုတ်လူမျိုးဆီကနေ ပိုက်ဆံယူထားတယ်။ တကယ်လို့ ကျွန်တော်တို့ ထွက်ပြေးရှိရင်လည်း ဖမ်းမိရင် အဲ့အဖွဲ့က ချုပ်နှောင်ထားတယ်။ တစ်နေ့ကို ၁၇ နာရီ၊ ၁၈ နာရီလောက် အလုပ်လုပ်ရတယ်။ လူတစ်ယောက်လို မနေထိုင်ခဲ့ရဘူး။ သူတို့ပေးတဲ့ အစားအစာတွေက မကောင်းသလို အများစုဟာ ရေပဲသောက်ပြီး နေနေကြရတယ်။ တကယ်လို့ သူတို့လိုချင်တဲ့ Target မပြည့်မီရင်လည်း ၂၄ နာရီ အခန်းထဲ ပိတ်လှောင်ထားသေးတယ်”လို့ ဆိုပါတယ်။


ဒါပေမဲ့ နိုင်ငံတကာရဲ့ကန့်ကွက်မှုနဲ့ သံတမန်ရေးဖိအားပေးမှုတွေရှိနေပေမဲ့လည်း လူကုန်ကူးခံရမှုပြဿနာ ဖြေရှင်းမှုအခြေအနေဟာ နိုင်ငံတကာဖြစ်ရပ်တွေကြားမှာ နှေးကွေးမှေးမှိန်နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က တရုတ်မင်းသား ဝမ်ရှင်း လူကုန်ကူးခံရမှုဖြစ်စဉ် ဖြစ်ပွားပြီးချိန် နိုင်ငံတကာက အာရုံစိုက်ခဲ့ပေမဲ့ လူကုန်ကူးခံရမှုဖြစ်စဉ် အရေးယူမှုအခြေအနေကတော့ နှေးကွေးနေဆဲ ဖြစ်ပါတယ်။


Ref: Nation

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page