နှစ်ဂိုးရှုံးနိမ့်နေတာကနေ နောက်ကလိုက်ကစားပြီး ပင်နယ်တီနဲ့ဘယ်လ်ဂျီယံ အနိုင်ရ
- BVJ

- Jul 2
- 1 min read
ဘယ်လ်ဂျီယံ ၃ - ၂ ဆီနီဂေါ

ဘယ်လ်ဂျီယံနဲ့ ဆီနီဂေါပွဲဟာလည်း အင်္ဂလန်နဲ့ဒီအာကွန်ဂိုပွဲလိုပဲ စိတ်လှုပ်ရှားစရာပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။’ဆန်းဒါးလန်းအသင်းက ဟာဘစ်ဒီယာရာနဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းက အစ္စမာလီယာဆားတို့သွင်းယူခဲ့တဲ့ဂိုးတွေကြောင့် ဒုတိယပိုင်း ၈၅မိနစ်အထိ ဆီနီဂေါနှစ်ဂိုးအသာနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ၈၆မိနစ်နဲ့၈၉မိနစ်မှာ လူကာကူးနဲ့တီလီမန်တို့ချေပဂိုးသွင်းယူခဲ့ပြီး သာမန်ပွဲပြီးချိန်မှာ နှစ်ဂိုးဆီသရေကျခဲ့တာကြောင့်အချိန်ပိုကစားခဲ့ရပါတယ်။ အချိန်ပို ဒုတိယပိုင်း ၁၂၅မိနစ်မှာ ဘယ်လ်ဂျီယံအသင်း ပင်နယ်တီရသွားပြီး တီလီမန်ကသွင်းယူခဲ့အတွက် ဆီနီဂေါတို့ရှုံးနိမ့်ခဲ့ရပါတယ်။

ဒီပွဲမှာအနိုင်ရသွားတဲ့ ဘယ်လ်ဂျီယံအသင်းဟာ နောက်တဆင့် ၁၆သင်းရှုံးထွက်အဆင့် အမေရိကန်နဲ့ဘော်စနီးယားပွဲက အနိုင်ရတဲ့အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။




Comments