ဘန်ကောက်က စျေးအတွင်း သေနတ်နဲ့ပစ်တာကြောင့် လေးဦးသေ
- BVJ

- Jul 28
- 1 min read
ယူဂရင်း/BVJ_ ဇူလိုင် ၂၈၊ ၂၀၂၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ချက်တူချက်ခရိုင်က စျေးတခုမှာ ဒီနေ့မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပြီး လုံခြုံရေးလေးဦးသေဆုံးတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
သေနတ်သမားတစ်ဦးကပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့်သေဆုံးသူရှိတယ်လို့လည်း ထိုင်းထောက်လှမ်းရေးဗျူရို (CIB)ကလည်း ပစ်ခတ်သူရဲ့ရုပ်သံဖိုင်နဲ့အတူ ကြေညာထားပါတယ်။


လက်ရှိမှာတော့ သေဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေကို အသေးစိတ်မသိရသေးဘဲ သေနတ်သမားကိုလည်း ရဲတွေကစုံစမ်းဖမ်းဆီးဖို့ကြိုးစားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ-ပစ်ခတ်ခဲ့သူသေနတ်သမားနဲ့ စျေးအတွင်းရဲများ(ဓါတ်ပုံ-CIB၊ Khaosod)







Comments