top of page

ARSA ခေါင်းဆောင်အပါအဝင် ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ ဖမ်းဆီးမိ

  • Writer: BVJ
    BVJ
  • Mar 20
  • 1 min read

BVJ/Moore _ မတ် ၁၉ ၊ ၂၀၂၅


Photo: Bangla Tribune
Photo: Bangla Tribune

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ဖွဲ့ (ARSA) လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်အပါအဝင် (၁၀)ဦးကို ဘင်္ဂလားဒေ့ရှ်အထူးတပ်ဖွဲ့ Rapid Action Battalion (RAB) က ဖမ်းဆီးနိုင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းတွေက ဖော်ပြကြပါတယ်။


ARSA ခေါင်းဆောင်ဖြစ်တဲ့ Ataullah Abu Ammar Jununi အပါအဝင် (၁၀)ဦးကို နာရာရန်ဂန်း (Narayanganj) မြို့နဲ့ မိုင်မန်ဆင်းဂ် (Mymensingh) မြို့တို့မှာ မတ်လ ၁၈ ရက် ညနေပိုင်းက ဖမ်းဆီးနိုင်ခဲ့တာပါ။ သူတို့ထဲက (၆)ဦးကို နာရာရန်ဂန်းမြို့မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ကျန်တဲ့ (၄)ဦးကိုတော့ မိုင်မန်ဆင်းဂ်မြို့မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေဖော်ပြချက်အရ သိရပါတယ်။


ဖမ်းဆီးခံထားရတဲ့ အမျိုးသား (၇)ဦးနဲ့ အမျိုးသမီး (၃)ဦးတို့ကို နာရာရန်ဂန်းမှာရှိတဲ့ Siddhirganj ရဲစခန်းကို လွှဲပြောင်းပေးထားပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအပါအဝင် နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုတွေနဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။


ree

ဖမ်းဆီးထားတဲ့ ARSA ခေါင်းဆောင်အပါအဝင် အမျိုးသား (၆)ဦး၊ အမျိုးသမီး (၃)ဦးနဲ့ အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း တရားမဝင်ဝင်ရောက်မှု၊ အကြမ်းဖက်လုပ်ဆောင်မှုတွေနဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပြီး တရားရုံးက ချုပ်ရက်ရမန် ၁၀ ရက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။


ဘင်္ဂလားဒေ့ရှ်အထူးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးချိန်မှာ ဘင်္ဂလားဒေ့ရှ်ပိုက်ဆံငွေသား တကာ ၂၁ သိန်းကို သိမ်းဆည်းရမိခဲ့ပြီး ဓားတစ်ချောင်း၊ သံမဏိချိန်းကြိုးတစ်ခု၊ လက်ပတ်နာရီ ၄ လုံးတို့ကိုလည်း လက်ဝယ်သိမ်းဆည်းရရှိခဲ့ပါတယ်။


ပြီးခဲ့တဲ့တစ်ပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် သွားရောက်ခဲ့ပါသေးတယ်။ အဲ့ဒီခရီးစဉ်အတွင်း ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့သလို ရိုဟင်ဂျာအရေး ဖြေရှင်းဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့အတွက် အာရက္ခတပ်တော် (AA) နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မီဒီယာတွေနဲ့တွေ့ဆုံချိန်မှာ ပြောကြားထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page