top of page

AA ထိန်းချုပ်ထားတဲ့မြို့တွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်

  • Writer: BVJ
    BVJ
  • Jan 31
  • 1 min read

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၉ ၊ ၂၀၂၅


မြောက်ဦးမြို့နယ်အတွင်းမှာ ယာဉ်စည်းကမ်း ဘေးအန္တရာယ်ကင်းရှင်းရေးကို ULA/AA လက်အောက်ခံတာဝန်ရှိသူတွေက အသိပညာပေးလုပ်ဆောင်နေစဉ် (Photo: Arakan Princess Media)
မြောက်ဦးမြို့နယ်အတွင်းမှာ ယာဉ်စည်းကမ်း ဘေးအန္တရာယ်ကင်းရှင်းရေးကို ULA/AA လက်အောက်ခံတာဝန်ရှိသူတွေက အသိပညာပေးလုပ်ဆောင်နေစဉ် (Photo: Arakan Princess Media)

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) သိမ်းယူထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၁၄ မြို့ထဲက အချို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်နေသလို စစ်ဘေးရှောင်ပြည်သူတွေကိုလည်း မြို့၊ ရွာတွေအတွင်း ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုနေပြီလို့ သိရပါတယ်။


AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ဒေသတွင်းပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) တာဝန်ရှိသူတွေကလည်း စီစဉ်ဆောင်ရွက်နေတာ တွေရှိတယ်လို့ ရခိုင်သတင်းဌာနတွေက ဖော်ပြထားပါတယ်။


 ရခိုင်ပြည်နယ် ရှေးဟောင်းအမွေအနှစ်အများအပြားရှိရာ မြောက်ဦးမြို့မှာလည်း ULA/AA လက် အောက်ခံ တာဝန်ရှိသူတွေ မြို့ပေါ် ယာဉ်အသွားအလာများတဲ့နေရာတွေမှာ အများအပြည်သူ အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်နေပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးမှုတွေလည်း လုပ်ဆောင်နေပါတယ်။




ဒါ့အပြင် တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေခဲ့ရတဲ့ မောင်တောမြို့နယ်အတွင်းက ဒေသခံ ပြည်သူတွေ ကိုလည်း အခု ဇန်နဝါရီလဆန်းပိုင်းကစပြီး ဒေသတွင်း မြို့နယ်၊ ကျေးရွာ တွေမှာ ပြန်လည်နေထိုင်ခွင့်ပြု ထားကြောင်းကိုလည်း ULA/AA နဲ့ နီးစပ်တဲ့ ရခိုင်သတင်းဌာန Arakan Bay News က ဇန်နဝါရီ ၂၇ ရက်မှာ ဖော်ပြထားပါတယ်။


ဇန်နဝါရီ ၁ ရက်နေ့က ၂၆ ရက်နေ့အထိ မောင်တောမြို့ ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၃ ၊ ရပ်ကွက် ၄၊ ရပ်ကွက် ၇၊ ရွှေဇားရွာ နဲ့ အောင်ဗလရွာတို့မှာ ပြန်လည်ဝင်ရောက်နေထိုင်တဲ့ ဒေသခံပြည်သူတွေ အများအပြားရှိလာပြီလို့လည်း ဖော်ပြထားပါတယ်။


AA ထိန်းချုပ်ဒေသတွေမှာရှိတဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေရှိနေသလို မီးလောင်ဗုံးကြဲချမှုတွေရှိနေတာကြောင့် အပြစ်မဲ့အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေသလို ဒေသခံပြည်သူနေအိမ်တွေ မီးလောင်ဆုံးရှုံးမှုတွေလည်း ရှိနေပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page