top of page

ဘန်ကောက်ဆန္ဒပြပွဲအနီးမှာရှိနေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား ၈ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

  • Writer: BVJ
    BVJ
  • Jun 28, 2025
  • 1 min read

BVJ/ထက်အောင် _ ဇွန် ၂၈ ၊ ၂၀၂၅


ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် နုတ်ထွက်ရေးအတွက် ထိုင်းပြည်သူ ၁၀၀၀ ဝန်းကျင် ဆန္ဒပြနေတဲ့ ဘန်ကောက်မြို့ အောင်ပွဲခံအထိမ်းအမှတ်ကျောက်တိုင်အနီးမှာရှိနေတဲ့ နိုင်ငံခြားသား ၈ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဒီနေ့ ဇွန် ၂၈ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။


မြန်မာ ၇ ဦးနဲ့ ကမ္ဘောဒီးယား ၁ ဦးပါတဲ့ ကုန်တင်ယာဉ်ငယ်ဟာ ဆန္ဒပြပွဲအနီး ဓာတ်ဆီဆိုင်ရှေ့နားမှာ ကားရပ်ထားချိန် ထိုင်းရဲတပ်ဖွဲ့က သံသယရှိတာကြောင့် စစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်ခဲ့ပြီး Din Daeng ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားကာ အသေးစိတ်စစ်ဆေးမေးမြန်းမှုတွေ ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ ထိုင်းသတင်းဌာန The Nation က ဖော်ပြထားပါတယ်။


ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ အလုပ်ကိစ္စနဲ့ ဖြတ်သန်းသွားတာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပေမဲ့ ထိုင်းအာဏာပိုင်တွေက နိုင်ငံခြားသားတွေရဲ့ အထောက်အထား၊ လက်ရှိအလုပ်အကိုင်၊ နေအိမ်လိပ်စာ အသေးစိတ်နဲ့ နိုင်ငံတွင်း ပြည်တွင်းပြည်ထွက်မှတ်တမ်းတွေကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။


နိုင်ငံခြားသား ၈ ဦးလုံးဟာ အထောက်အထားအပြည့်အစုံ မှန်ကန်ပေမဲ့ ဆန္ဒပြပွဲအနီး နိုင်ငံရေးအရ ထိရှလွယ်တဲ့နေရာမှာ တွေ့ရှိခဲ့တဲ့အတွက် အသေအချာစစ်ဆေးမေးမြန်းဖို့ လိုအပ်တယ်လို့ဆိုကာ ထိုင်းရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးမြန်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ The Nation သတင်းဌာနကလည်း ဖော်ပြထားပါတယ်။


ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရေးအတွက် ထိုင်းပြည်သူတွေ ဆန္ဒပြမယ့်နေရာကို မြန်မာနိုင်ငံသားတွေ သွားရောက်တာမျိုး မလုပ်ဆောင်ဖို့နဲ့ မဖြစ်မနေ ဖြတ်သန်းသွားလာရမယ်ဆိုပါက အထောက်အထား အပြည့်အစုံ ယူဆောင်သွားဖို့ကိုလည်း မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း အသိပေးထားတာတွေလည်း ရှိနေပါတယ်။


Burma VJ Telegram Link >> https://t.me/bvj_news/1614

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page