အိမ်လွမ်းသူတွေရဲ့ ရန်ကုန် မြို့တပတ် လမ်းလျှောက်ထွက်ခြင်း
- BVJ

- Feb 5
- 1 min read

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်တာကာလအတွင်း ရန်ကုန်မြို့ရဲ့ ပြောင်းလဲသွားတဲ့ အခိုက်အတန့်တွေ၊ အခက်အခဲတွေကြားကနေ ကြံ့ကြံ့ခိုင် တည်ရှိနေတဲ့ ရန်ကုန်နေ ပြည်သူတွေရဲ့ ဘဝတွေနဲ့ ယုံကြည်ရာကို ဆုပ်ကိုင်ရင်း ဆက်လက်တိုက်ပွဲဝင်နေကြတဲ့သူတွေအကြောင်းကို မှတ်တမ်းဓာတ်ပုံ ရိုက်ကူးသူ ကိုကင်းက ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ “ရန်ကုန်မြို့တပတ် လမ်းလျှောက်ထွက်ခြင်း” ခေါင်းစဉ်နဲ့ ဓာတ်ပုံပြပွဲလေးတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံပြပွဲကို မဲဆောက်မြို့တနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံခြားသား ဧည့်သည်တွေနဲ့ စိတ်ဝင်စားသူအများအပြား တက်ရောက်ခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မိသားစုတွေရဲ့အိမ် ရန်ကုန်မြို့ကနေ စွန့်ခွာကာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်လာကြရတဲ့ အိမ်လွမ်းသူတွေအတွက် “ရန်ကုန် မြို့တပတ် လမ်းလျှောက်ထွက်ခြင်း” ဟာ ကိုယ့်ရဲ့နေရပ်ဟောင်းကို ပြန်ပြောင်းသတိရမိစေမှာလည်း ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းထိ မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဓာတ်ပုံတွေဟာ လေးနှစ်တာကာလအတွင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ပြည်သူတွေ၊ တော်လှန်ရေးတိုက်ပွဲဝင်နေသူတွေ နည်းလမ်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်ပြသခဲ့တာတွေကို မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်သလို တော်လှန်ရေးကာလ ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ နေ့စဉ်ဘဝ သွားလာလှုပ်ရှားမှု ပုံရိပ်တွေကိုလည်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးသူ ကိုကင်းက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။





































Comments