အိမ်ဖြူတော်က နှစ်နိုင်ငံဆွေးနွေးပွဲ အချေအတင်ဖြစ်
- BVJ

- Mar 4
- 1 min read
ယူကရိန်းသမ္မတ ဇာလန်စကီးဟာ တတိယကမ္ဘာစစ်နဲ့ လောင်းကစားလုပ်နေတဲ့သူလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စွပ်စွဲ
အေတီ- BVJ ၊ ဖေဖော်ဝါရီ ၂၈

ဒီနေ့ အိမ်ဖြူတော်မှာကျင်းပခဲ့တဲ့ အမေရိကန်သမ္မတနဲ့ ယူကရိန်းသမ္မတတို့ ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲဟာ နှစ်ဖက် အချေအတင်စကားများမှုနဲ့ အဆုံးသတ်သွားခဲ့ပြီး၊ ဆွေးနွေးပွဲအပြီးပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲ ဆက်မလုပ်ဖြစ်တော့ပဲ မအောင်မမြင်နဲ့ အဆုံးသတ်သွားပါတယ်။
နှစ်ဘက်အစိုးရတာဝန်ရှိသူတွေနဲ့ ဖိတ်ခေါ်ထားတဲ့မီဒီယာတွေရှေ့ အိမ်ဖြူတော် ဘဲဥပုံခန်းမထဲမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၊ ယူကရိန်းသမ္မတ ဇာလန်စကီးနဲ့ အမေရိကန်ဒုသမ္မတ ဂျေဒီပန့်စ် တို့ သုံးဦးကြား အခြေအတင် ငြင်းခုန်စကားများခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ ဒေါ် နယ်ထရမ့်က ဇာလန်စကီးကို အမေရိန်ကန်ရဲ့ထောက်ခံအားပေးမှုကို အပြည့်အဝကျေး ဇူးမတင်တဲ့သူ “တတိယကမ္မာစစ်နဲ့ လောင်း စကား လုပ်နေတဲ့သူ”လို့ စွပ်စွဲခဲ့ပါတယ်။ဒါ့အပြင် “သဘောတူညီမှုလုပ်မလား ငါတို့ မပါပဲနေရမလား” လို့ ယူကရိန်းသမ္မတကို ဖိအားပေးပြောဆိုခဲ့ပါတယ်။ အမေရိန်ကဒုသမ္မတဂျေဒီဗန့်စ်ကလည်း ဇာလန်းစကီးဟာ ကျေးဇူးမသိတတ်တဲ့သူလို့ စွပ်စွဲခဲ့ပါတယ်။
အမေရိန်ကန် ဒုသမ္မတ ဂျေဒီဗန့်က ပြောတဲ့စကားကို ယူကရိန်းသမ္မတဇာလန်စကီးက မေးခွန်းထုတ်ခဲ့ရာကနေ နှစ်ဖက်အခြေအတင်စကားစများခဲ့ကြတာဖြစ်ပါတယ်။ ဆွေးနွေးပွဲအပြီးမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇာလန်စကီးဟာ ငြိမ်းချမ်းရေးလုပ်ဖို့အဆင်သင့်မဖြစ်သေးဘူး၊ အဆင်သင့်ဖြစ်ရင် အိမ်ဖြူတော်ကိုနောက်တစ်ခေါက်ပြန်လာဖို့ဖိတ်ခေါ်ပါတယ်လို့ ပြောခဲ့ပါတယ်။
ဇာလန်စကီးနဲ့အဖွဲ့ ဆွေးနွေးပွဲကျင်းပရာ အိမ်ဖြူတော် ဘဲဥပုံခန်းမထဲက ဆွေးနွေးပွဲမပြီးသေးပဲ ထွက်လာခဲ့ကြတဲ့အတွက် အမေရိကန်သမ္မတနဲ့ ယူကရိန်းသမ္မတတို့ ပူးပေါင်းလုပ်မယ့် သတင်းစာရှင်းလင်းပွဲလဲဆက်မလုပ်ဖြစ်တော့ပါဘူး။
ဒီနေ့ဆွေးနွေးပွဲမအောင်မြင်သွားတာကြောင့် ယူကရိန်းမှာ မြေရှားသတ္တုတူးဖော်ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာဘီလျံရာချီတန်တဲ့ စာချုပ်ချုပ်ဆိုဖို့ကိစ္စကလည်း မရေမရာဖြစ်သွားပါတယ်။







Comments