top of page

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အဝေးပြေးလမ်းမစီမံကိန်း မြန်မာပြည်တွင်းစစ်ကြောင့် ရပ်တန့်နေ

  • Writer: BVJ
    BVJ
  • Feb 25
  • 1 min read

BVJ/Moore _ ဖေဖော်ဝါရီ ၂၃ ၊ ၂၀၂၅

ree

အာဆီယံနဲ့ အိန္ဒိယနိုင်ငံကြား ကုန်သွယ်မှုနဲ့ စီးပွားရေး ပိုမိုမြှင့်တင်နိုင်ဖို့အတွက် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံကို ချိတ်ဆက်မယ့် အဝေးပြေးလမ်းမ စီမံကိန်းဟာ လက်ရှိဖြစ်ပွားနေတဲ့ မြန်မာပြည်တွင်းစစ်ကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေပါတယ်။


မိုင်ပေါင်း ၈၄၀ ခန့် ရှည်လျားပြီး သုံးနိုင်ငံ ဆက်သွယ်မယ့် အဝေးပြေးလမ်းမကြီးကို အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့က ဖောက်လုပ်ပြီးစီးနေတာကြောင့် ၇၀ ရာခိုင်နှုန်း ပြီးစီးနေပေမယ့် လမ်းဖောက်လုပ်ဖို့ကျန်နေတဲ့ ၃၀ ရာခိုင်နှုန်း မြန်မာပြည်တွင်းစစ်ကြောင့် အခြေအနေကြောင့် နှောင့်နှေးနေတာလည်း ဖြစ်ပါတယ်။


၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လမ်းဖောက်လုပ်မှု နှောင့်နှေးပေမဲ့ လာမယ့် ၂၀၂၇ ခုနှစ်မှာ စီမံကိန်းကို အပြီးသတ်နိုင်ဖို့အတွက် အိန္ဒိယနဲ့ ထိုင်းတို့က လိုလားနေကြပါတယ်။ ဒီစီမံကိန်းဟာ ၂၀၀၂ ခုနှစ် စတင်ခဲ့တာဖြစ်ပြီး ကနဦးက ၂၀၁၅ ခုနှစ်မှာ အပြီးသတ်နိုင်ဖို့ လုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။


ကုန်သွယ်ရေး အမြန်လမ်းမကြီးဟာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုးရေးမြို့နယ်ကနေ မြန်မာနိုင်ငံ ချင်း-မန္တလေး-ရန်ကုန်-ကရင်ပြည်နယ်တို့ကို ဖြတ်ကာ ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ချိတ်ဆက်ထားတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။


ဒီစီမံကိန်း ပြီးဆုံးပါက အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေကြား ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီး ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍတွေအပါအဝင် သံတမန်ရေးနဲ့ ဘက်စုံချိတ်ဆက်မှုတွေ ပိုမိုကောင်းမွန်လာစေနိုင်မှာဖြစ်တယ်လို့ နယူးဒေလီအခြေစိုက် Indian Council of World Affairs မှ သုတေသီတစ်ဦးဖြစ်သူ Tunchinmang Langel က မလေးရှားသတင်းဌာန Bernama ကို ပြောပါတယ်။


လက်ရှိမြန်မာစစ်ရေးပဋိက္ခတွေကြောင့် အဝေးပြေးလမ်းစီမံကိန်း ပြီးစီးဖို့ ခက်ခဲနေပါက တခြားနည်းလမ်းတစ်ခုကို ထည့်သွင်းစဉ်းစားသင့်ပြီး ဒါမှသာ စီမံကိန်းကို အပြီးသတ်နိုင်မယ့်အခြေအနေတစ်ခုကို ဖန်တီးနိုင်မယ်လို့လည်း Tunchinmang Langel က ပြောပါတယ်။


ကမ္ဘာ့ပဉ္စမမြောက် စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယနဲ့ အာဆီယံကြား စီးပွားရေးရင်းနှီးမြှုပ်နှံမှုကို အကောင်အထည်ဖော်နိုင်ပါက ဒေသတွင်း ပို့ကုန်လုပ်ငန်းတွေကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မှာဖြစ်ပြီး သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းဟာ သယ်ယူပို့ဆောင်ရေးစရိတ်ကို လျှော့ချစေနိုင်မှာဖြစ်ပြီး လွတ်လပ်တဲ့ ကုန်သွယ်မှုကိုလည်း ဒေသခံပြည်တွေအကြား ပိုမိုလုပ်ဆောင်နိုင်မှာဖြစ်တယ်လို့လည်း ထိုင်းသတင်းဌာန The Nation က ဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page