အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်တာနဲ့ပတ် ပတ်သက်ပြီး NUG အစိုးရက ကြေညာချက်ထုတ် တုန့်ပြန်
- BVJ

- Feb 19
- 1 min read
BVJ/အေတီ _ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့မှုနဲ့ပတ်သက်ပြီး အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်ခဲ့တဲ့ ၂၅ ဦး အမည်စာရင်းထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ ပါဝင်နေတဲ့ကိစ္စဟာ မဖြစ်သင့်တဲ့အတွက် လက်မခံနိုင်တဲ့အကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရက ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
“ယခုကဲ့သို့အခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ခေါင်းဆောင်တဦးဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးတွင် မှားယွင်းစွာ ထည့်သွင်းတရားစွဲဆိုခြင်းသည် ရိုဟင်ဂျာပြည်သူလူထုနှင့် အခြားပြည်သူလူထုများအကြား နားလည်မှု လွဲမှားခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး၊ ရေရှည်ငြိမ်းချ မ်းရေး၊သ င့်မြတ်ရေးနှင့် အနာဂတ်ကာလ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးကို များစွာအနှောင့်အယှက် အဟန့်အတား ဖြစ်လာနိုင်ပါသည်။” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းတာဟာ နွေဦးတော်လှန်ရေးလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေပြီး အကြမ်းဖက်စစ်အာဏာရှင်တွေ အကြိုက်ဖြစ်သွားလိမ့်မယ်လို့ ထုတ်ပြန်ချက်ထဲမှာ အခုလိုမျိုး ဖြည့်စွက်ထားပါတယ်။
“အာဂျင်တီးနားတရားရုံးက ပြည်သူ့အစိုးရအဖွဲ့ခေါင်းဆောင်များကို ထည့်သွင်းတရားစွဲဆိုကာ ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းခြင်းအားဖြင့် မြန်မာနိုင်ငံသားများ အချင်းချင်းအကြား သွေးစည်းညီညွတ်မှုကို ပြိုကွဲစေပြီး၊ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက်ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်လျက်ရှိသော နွေဦးတော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေမည်သာမက၊ အကြမ်းဖက်စစ်အာဏာရှင်များကိုသာ အကျိုးကျေးဇူးဖြစ်ထွန်း စေလိမ့်မည် ဖြစ်ပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်”
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၂၃ ဦးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်၊ ဦးထင်ကျော်တို့ ကို အာဂျင်တီးနားတရားရုံး ဗျူရိုအေးရီးစ်က ဖမ်းဝရမ်းထုတ်ထားကြောင်း Burmese Rohingya Organisation - UK (BROUK) က မနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။







Comments