အမေရိကန်က ကာဒီနယ် ရောဘတ်ပရီဗော့စ် ပုပ်ရဟန်းမင်းကြီးအသစ်ဖြစ်လာ
- BVJ

- May 9
- 1 min read
BVJ_ မေ ၉၊ ၂၀၂၅

ပုပ်ရဟန်းမင်းကြီးအသစ်အဖြစ် အမေရိကန်က ကာဒီနယ် ရောဘတ်ပရီဗော့စ်(Robert Prevost)ကို မနေ့က မေ ၈ရက်မှာ ရွေးချယ်လိုက်ပါတယ်။
ပုပ်ဖရန်စစ်ကွယ်လွန်ပြီးနောက် ရွေးချယ်လိုက်တဲ့ ပုပ်ရဟန်းမင်းကြီးဖြစ်ပြီး ကာဒီနယ် ၁၃၃ ပါးထဲကနေ မဲပေးရွေးချယ်လိုက်တာဖြစ်ပါတယ်။
အခုရွေးချယ်လိုက်တဲ့ပုပ်ရဟန်းမင်းကြီးဟာ အမေရိကန်ရဲ့ ပထမဆုံး ပုပ်ဖြစ်လာပြီး သက်တော် ၆၉နှစ်ရှိကြောင်းနဲ့ လီယို Pope Leo XIV ဆိုတဲ့ဘွဲ့ကိုခံယူမယ်လို့ သိရပါတယ်။ သူဟာ အင်္ဂလိပ်အပြင် စပိန်စကားနဲ့ အီတာလီလျံဘာသာစကားလည်း ကျွမ်းကျင်သူဖြစ်တယ်လို့ သိရပါတယ်။







Comments