အကျဉ်းသား ၁၆၉ ဦးကို NUG လွတ်ငြိမ်းခွင့်ပြု
- Zayar Oo
- Jan 1
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၁ ၊ ၂၀၂၅

လက်ရှိ နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အကျဉ်းသား (၁၆၉) ဦးကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
နွေဦးတော်လှန်ရေးအကျိုး၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်း စာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိနေတဲ့ အကျဉ်းသား/သူ ၁၆၉ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အပိုဒ် ၁ မှာ အကျုံးမဝင်တဲ့ ကျန်အကျဉ်းသား/သူတွေကို သူတို့ ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ သုံးပုံတစ်ပုံ လျှော့ပေါ့ကျခံစေဖို့ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ NUG အစိုးရအဖွဲ့နဲ့ လက်အောက်ခံအဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းခံသူတွေဟာ ဘယ်လိုပြစ်မှုတွေ ကျူးလွန်ထားပြီး ဘယ်လိုပြစ်ဒဏ်တွေ ချမှတ်ထားလဲဆိုတာ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။







Comments