ဟိုပန်ရှိ ကျားဖြန့်ဂိုဏ်းတစ်ခုကို UWSA ဝင်စီးနင်း၊ ၁၀၀ ကျော် ဖမ်းမိ
- BVJ

- Feb 25
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ဟိုပန်မြို့နယ်မှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန်) ဂိုဏ်းကို "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် - UWSA ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
ဟိုပန်မြို့နယ် မိန်းပန်း (ရှမ်း) ရပ်ကွက်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းကို ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းမှာ ဟိုပန်ခရိုင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန် ကျားဖြန့်လုပ်သား (၁၀၅)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဟိုပန်မြို့အတွင်းမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းကို "ဝ" တပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုအခြေအနေနဲ့ပတ်သက်ပြီး လို့ "ဝ" တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက "ဟိုပန်ခရိုင်မှာ ကျားဖြန့်ဖမ်းတာ မှန်တယ်။ ကျနော် "ဝ"ပြည်အတွင်း ကျားဖြန့်ကင်းစင်တဲ့အထိ ဆက်လက်လုပ်သွားပါမယ်။ ဖမ်းမိသူများကို တရုတ်သို့လွဲပြောင်းပေးဖို့ လုပ်နေပါတယ်" လို့ Burma VJ ကို ပြောပါတယ်။
ဟိုပန်မြို့ မိန်းပန်းရပ်ကွက်က ကျားဖြန့်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားကို ဖမ်းဆီးရမိမှု မရှိသေးပေမဲ့ အဲ့ဒီလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ "ဝ"၊ ကိုးကန့်၊ ရှမ်းနဲ့ ဒေသတွင်း လူငယ်တွေ ပါဝင်နေပြီး (၁၀၅) ဦးကို စက်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
"ဝ" ထိန်းချုပ်ဒေသ တန့်ယန်းမြို့မှာ ကျားဖြန့်လုပ်သား (၇၆၂)ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး တရုတ်ဘက်ကို လွှဲပြောင်းပေးနိုင်ခဲ့တယ်လို့လည်း ၂၀၂၄ နိုဝင်ဘာ ၁၉ ရက်မှာ UWSA က ထုတ်ပြန်ထားပါသေးတယ်။







Comments