သမ္မတထရမ့်က ဟန့်တားထားတဲ့ နိုင်ငံခြားအကူအညီတွေ ပြန်ပေးဖို့ အမေရိကန် တရားရုံးချုပ် အမိန့်ချမှတ်
- BVJ

- Mar 8
- 1 min read
BVJ/အေတီ _ မတ် ၅ ၊ ၂၀၂၅

သမ္မတထရမ့်အစိုးရအဖွဲ့က ဟန့်တားထားတဲ့ USAID အဖွဲ့ကိုပေးရမယ့် အမေရိကန်ဒေါ် ၂ဘီလျံ သန်းနှစ်ထောင်နီးပါး တန်ကြေးရှိတဲ့ နိုင်ငံခြားအကူအညီတွေဆက်ပေးဖို့ အမေရိကန် တရားရုံးချုပ်က ဒီနေ့အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဒီအမိန့်ထုတ်ပြန်မှုကြောင့် သမ္မဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က မပေးဖို့ ဆုံးဖြတ်ပြီး ဟန့်တားတဲ့ အမေရိကန်ဒေါ်လာ၂ဘီလျံကို USAID အဖွဲ့ကိုပေးရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် USAID အဖွဲ့နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ကမ္ဘာတစ်ဝှမ်းကအဖွဲ့တွေ၊ NGOs တွေ ငွေကြေားအကူအညီ ပြန်ရရှိတော့ မှာပါ။
လွှတ်တော်က အတည်ပြုပြီး ချပေးထားတဲ့ ဘတ်ဂျက်ဆုံးဖြတ်ချက်ကို ထရမ့်အစိုးရအဖွဲ့ရဲ့ တရားရေးဝန်ကြီးဌာနက ဝင်စွက်ဖက်ဟန့်တားခွင့်မရှိဘူးဆိုပြီး ကမ္ဘာတလွှားဆက်ထောက်ပံ့မယ့် နိုင်ငံခြားအကူအညီ ဆက်ထောက်ပံ့ခွင့်ပေးဖို့ တရားရုံးချုပ်က အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ထရမ့်အစိုးရဘက်က အယူခံတင်နိုင်ဖွယ်ရှိပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ညာလက်ရုံး ဘီလျံနာသူဌေးကြီး အီလွန်မက်စ်တို့နှစ်ဦး အမေရိကန်အစိုးရဘတ်ဂျက်တွေထဲ့ USAID အဖွဲ့အသုံးပြုနေတဲ့ငွေတွေကို ဖြတ်တောက်ဖို့ ကြိုးစားခဲ့ရာကနေ နိုင်ငံခြားအကူအညီ အမေရိကန်ဒေါ်လာ ၂ဘီလျံဆက်မပေးဘဲ ဟန့်တားထားဖို့ အထိဖြစ်လာတာပါ။
လိမ်လည်မှုတွေ အလွဲသုံးစားမှုတွေ USAID အဖွဲ့မှာတွေ့ရှိတဲ့အတွက် ဒီအဖွဲ့ကို ပိတ်ပစ်ရမယ်လို့ ထရမ့်ညာလက်ရုံး အီလွန်မက်စ်က ပြောခဲ့ပြီးနောက် နိုင်ငံခြားအကူအညီ အမေရိကန်ဒေါ်လာ ၂ ဘီလျံနီးပါးကို ဆက်မပေးဖို့ ဟန့်တားထားတဲ့အထိ ဆက်ဖြစ်လာပါတယ်။
ကမ္ဘာတလွှား USAID အဖွဲ့ကတဆင့်ပေးအပ်နေတဲ့ နိုင်ငံခြားအကူအညီတွေထဲမှာ အာဖရိကတိုက်က HIV ကာကွယ်ရေး ဆေးဝါးတွေဖြန့်ချီတာ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုတွေနဲ့ ယူကရိန်းမှာ ရေစုပ်စက်တွေတပ်ဆင်တဲ့ ပရောဂျက်တွေပါဝင်ပါတယ်။







Comments