ဝက်လက်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ထံက လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိ
- Zayar Oo
- Jan 7
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၆ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှာ အင်အား ၇၇ ဦးပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီထံက လက်နက် ၄၅ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဒီနေ့ ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဝက်လက်မြို့နယ် လယ်ကိုင်းရွာကနေ ထွက်လာတဲ့ စစ်ကောင်စီ ဗိုလ်ကြီး မျိုးမင်းသူ ဦးစီးတဲ့ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ) တပ်ဖွဲ့ဝင်အင်အား ၇၇ ဦးပါ စစ်ကြောင်းနဲ့ ဒေသတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ မှတ်ထိရွာနဲ့ မင်းကုန်းရွာကြားမှာ မနေ့ ဇန်နဝါရီ ၅ ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
ဒေသတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်နဲ့အတူ ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ ခရိုင် ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေက မသိရသေးပါဘူး။
တိုက်ပွဲအတွင်း စစ်ကောင်စီထံက ၆၀ မမ ပြောင်းတို (၁) လက်၊ RPG-7 (၁) လက်၊ MA-15 (ငါးကြင်းမြီး) (၁) လက်၊ MA-4 (၂) လက်၊ MA-3 (၅) လက်၊ MA-1 (၁၀) လက်၊ G-3 (၁၇) လက်၊ M-79 (၁) လက်၊ MA-13 (၅) လက်၊ MA-11 (၁) လက်၊ BA-93 (၁) လက်၊ 5.56 ကျည် (၁၁၆၄) တောင့်၊ G-3 ကျည် (၁၆၇၈) တောင့်၊ ၉မမ ကျည် (၃၆၅) တောင့်၊ ကာဘိုင်ကျည် (၃၉၇) တောင့်၊ အီနာဂါပို့ကျည် (၁၄) တောင့်၊ ငါးကြင်းမြီး ကျည်ကပ် (၁) ခု၊ နာနတ်သီးဗုံး (၃) လုံး၊ သံပုရာသီး ဗုံး (၁) လုံး၊ အီနာဂါ ဗုံးသီး (၁၀) လုံး၊ ၆၀ မမ ဗုံးသီး (၆) လုံး၊ RPG-7 ဒုံးသီး (၇) လုံး၊ RPG ပို့ကျည် (၇) ခု၊ နင်းမိုင်း (၅) လုံး၊ MA ကျည်အိမ် (၄၂) ခု၊ G-3 ကျည်အိမ် (၃၈) ခု၊ MA-13 ကျည်အိမ် (၁၁) ခု၊ Jammer အကြီး (၁) ခု၊ ကျည်ကာဦးထုပ် (၁၀) လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ရွှေဘိုမြို့နယ်ကနေ ဇန်နဝါရီ ၃ ရက်နေ့ကတည်းက ထွက်လာတဲ့ စစ်ကောင်စီ စခတ ၈ စစ်ကြောင်းကို ရွှေဘိုမြို့နယ် ပေါက်တုံ-ချောင်းဆုံရွာအနီး ပြွန်ကြီးသံလမ်းဆုံနဲ့ ဝက်လက်မြို့နယ် လယ်ကိုင်းရွာတို့မှာ တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့သလို ပစ်ခတ်တိုက်ခိုက်မှုတွေလည်း လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့နယ် ဆားတောင်ရွာကနေ ထွက်လာတဲ့ စစ်ကောင်စီ ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီးတဲ့ တပ်မ ၃၃ လက်အောက်ခံ အင်အား ၈၃ ဦးပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၁၈)၊ ဒေါင်းနီ (LPDF) ပူးပေါင်းအဖွဲ့တို့ ဒီနေ့ ဇန်နဝါရီ ၅ ရက်ထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပေမဲ့ တိုက်ပွဲအခြေအနေကိုတော့ မသိရသေးပါဘူး။







Comments