top of page

လာအို ဗီယန်ကျင်းမြို့မှာအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အထည်ချုပ်ဝန်ထမ်းတွေ ဥပဒေနဲ့အညီရပိုင်ခွင့်အတွက် ဆန္ဒပြတောင်းဆို

  • Writer: BVJ
    BVJ
  • Mar 23
  • 1 min read

BVJ/နေအောင် _ မတ်လ ၂၁ ၊ ၂၀၂၅

ree

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့က Trimax အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားဝန်ထမ်းတွေဟာ အထွေထွေဖိနှိပ်မှုတွေရပ်တန့်ဖို့၊ ခွဲခြားဆက်ဆံမှုတွေရပ်တန့်ပေးဖို့၊ ကတိအတိုင်းပေးရမယ့် လစာငွေကြေးကို သတ်မှတ်ထားတဲ့ ငွေကြေးအတိုင်းပေးချေဖို့၊ အချိန်ပိုအလုပ်ကိစ္စတွေနဲ့ပတ်သတ်ပြီး မျှမျှတတဆောင်ရွက်ပေးဖို့အတွက် ၂၀၂၅ ခုနှစ် မတ်လ ၂၁ရက်မှာ ဆန္ဒပြတောင်းဆိုကြတယ်လို့ စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတဦးက Burma VJ ကိုပြောပါတယ်။


“သမီးတို့တွေက ဆုံးဖြတ်ထားတယ်။ သူတို့တွေက သမီးတို့ကို ဒေါ်လာ ၂၅၀ ပေးပါ့မယ်။ သမီးတို့ လိုချင်တာတွေကို လုပ်ပေးပါ့မယ်လို့ ဆိုတာကို မလုပ်ပေးမချင်း သမီးတို့က အလုပ်မဆင်းဘူး။ သမီးတို့ တောင်းဆိုထားတဲ့ အချက်တွေကကျတော့ ခု ဒေါ်လာ ၂၅၀ ကို သူတို့ စာချုပ်ချုပ်ထားတာဖြစ်တဲ့အတွက် ၂၃၀ ကို ဒေါ်လာနဲ့ လိုချင်တယ်။ ၂၀ ကိုကကျတော့ သမီးတို့ စားစရိတ်ဖြစ်အောင်လို့ Kip(ကစ်) အနေနဲ့လိုချင်တယ်။ လူမှုဖူလုံရေးကလည်း သမီးတို့ကို လစာနှစ်ခါပေးတယ်ဆိုရင် လစာနဲ့ဆို ၅.၅% နဲ့ မြှောက်ပြီးတော့ တခါတည်းကို နှုတ်ထားတာရှိတယ်။ အမှန်တော့ တဝက်ဆိုရင် ၂.၇၅ % နဲ့ပဲ မြှောက်ရမှာ။ သူတို့က ၅.၅ % နဲ့လုပ်ထားတယ်။ အဲ့တာကိုလည်း ပြန်ပြောင်းပေးဖို့ပြောထားတယ်။ တခုကကျတော့ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံတာ။ လာအိုတွေမှာက အခွင့်အရေးရှိသေးတယ်။ ကိုယ်တွေမှာက ပြန်ပြောပိုင်ခွင့် အခွင့်အရေးမရှိဘူး။ အဲ့လိုမျိုးတွေ အတွက်ကို တောင်းဆိုထားတာ။ HR ဌာနက စကားပြန်ကို ပြောထားတယ်။ သူက ရအောင်လုပ်ပေးမယ်လို့ပြောတယ်။ သမီးတို့ကလည်း ရအောင်လုပ်ပေးတဲ့ အချိန်မှ အလုပ်ပြန်ဆင်းမယ်လို့ ပြောထားတယ်။ အလုပ်မဆင်းတဲ့ အတွက်ကြောင့် တရက်စာနှုတ်မယ်လို့ပြောထားတယ်။ သမီးတို့ကလည်း အနှုတ်ခံမယ်” လို့ ဆန္ဒပြရာမှာပါဝင်တောင်းဆိုခဲ့တဲ့ မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။


Trimax အထည်ချုပ်စက်ရုံဟာ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာရှိပြီး ထိုင်းနိုင်ငံမှာတော့ ပင်ရင်းစက်ရုံရှိတာပါ။ ပိုင်ရှင်ကတော့ ထိုင်းနိုင်ငံသားဖြစ်ပါတယ်။


အခုဆန္ဒပြမှုမှာ စက်ရုံမှာအလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အကုန်လုံးပူးပေါင်းပါဝင်ကြတာဖြစ်တယ်လို့ သိရပါတယ်။ စက်ရုံတာဝန်ရှိသူတွေကတော့ တောင်းဆိုမှုတွေနဲ့ ပတ်သတ်ပြီး ခိုင်လုံတဲ့ အကြောင်းပြန်ချက်မရှိသေးပေမယ့် HR ဌာနဘက်ကတော့ အတတ်နိုင်ဆုံးဆောင်ရွက်ပေးမယ်ဆိုတာ ကတိပြုထားတယ်လို့ အဆိုပါ မြန်မာဝန်ထမ်းက ပြောပြပါတယ်။


စက်ရုံတာဝန်ရှိသူတဦးကတော့ မြန်မာနိုင်ငံသားဝန်ထမ်းတွေအတွက် အာမခံငွေပေးချေထားရမှုတွေနဲ့ပတ်သတ်တာတွေ လာအိုအလုပ်သမားဝန်ကြီးဌာနရဲ့ ဥပဒေအရ တစ်လ အချိန်ပို ၄၅နာရီရှိရမယ်ဆိုတာတွေကို မြန်မာစကားပြန်နဲ့ ရှင်းပြနေတဲ့ ရုပ်သံဖိုင်တချို့ကို Burma VJ က လက်ခံရရှိထားပါတယ်။


မြန်မာနိုင်ငံသား ဝန်ထမ်းတွေရဲ့ လစာကို ဒေါ်လာငွေနဲ့ ပေးချေမှုမရှိတာကြောင့် လာအိုငွေကြေးကနေ မြန်မာငွေကြေး အပြောင်းအလဲတွေမှာ နစ်နာမှုတွေရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page