လွန်ခဲ့တဲ့လေးနှစ် ဒီနေ့မှာ ကျဆုံးခဲ့သူ သုံးဦး
- BVJ

- Mar 4
- 1 min read

လွန်ခဲ့တဲ့လေးနှစ် မတ်လ၃ရက်နေ့ ဒီနေ့မှာ စစ်ကိုင်းတိုင်း မုံရွာမြို့မှာ သူတို့သုံးဦး ကျဆုံးခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့သူတွေနဲ့ မိသားစုဝင်တွေ သတိရနေကြဦးမှာသေချာပါတယ်။
၂၀၂၁ခုနှစ် မတ်လ၃ရက်နေ့မှာ ကဗျာဆရာကေဇဝင်း၊ ကဗျာဆရာမကြည်လင်အေးနဲ့ မကျော့နန္ဒာ အောင်တို့ အာဏာသိမ်းစစ်ကောင်စီလက်ပါးစေတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုနဲ့ ကျဆုံးခဲ့ပါတယ်။
စစ်အာဏာရှင်ကို တောက်လျှောက်တွန်းလှန်ခဲ့တဲ့ အမည်ရင်း ကိုချမ်းသာဆွေ(ခ) ကဗျာဆရာ ကေဇဝင်းနဲ့ ကဗျာဆရာမ ကြည်လင်အေး(ခ) မြင့်မြင့်ဇင်တို့ဟာ မုံရွာမြို့ကဆန္ဒပြပွဲမှာ သေနတ်နဲ့ ပစ်ခံရပြီးကျဆုံးခဲ့ပါတယ်။ အလားတူ မုံရွာကွန်ပျူတာတက္ကသိုလ်ဘွဲ့ရ မကျော့ နန္ဒာအောင်ကိုလည်း စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ခေါင်းကိုကျည် သုံးချက်မှန်ပြီး ကျဆုံးခဲ့ပါတယ်။
မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေး ဆန္ဒပြပွဲတွေမှာ ရှေ့ဆုံးကပါဝင်ရင်း ၂၀၂၁ခုနှစ် မတ်လ၃ရက်နေ့မှာ ကျဆုံးခဲ့တဲ့ ကဗျာဆရာကေဇဝင်း၊ ကဗျာဆရာမ ကြည်လင်အေးနဲ့ မကျော့နန္ဒာတို့ ကို ဂုဏ်ပြု အမှတ်ရစေဖို့ ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။







Comments