လောင်းရှည်တိုက်နယ် ထိတွေ့တိုက်ပွဲနဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေဆီက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ
- BVJ

- Jan 9
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၈ ၊ ၂၀၂၅

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့ရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ငါးဦး အခုလ ဇန်နဝါရီ ၆ ရက်မှာ ဂန့်ဂေါခရိုင် တပ်ရင်းတွေဆီ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ အမှတ် ၁ စစ်ဒေသက ဒီနေ့ ဇန်နဝါရီ ၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဆောမြို့ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း အခုလ ဇန်နဝါရီ ၂ ရက်မှတာ ဂန့်ဂေါခရိုင် တပ်ရင်း ၂ ဆီ G-3 (၁) လက်၊ 7.62 ကျည် (၅၀) တောင့်၊ ကျည်အိမ် (၂) ခုတို့နဲ့ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။ ဆောမြို့ စစ်ကြောင်းကနေ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးဟာ သူတို့နဲ့အတူ MA-1 (၁) လက်၊ MA-3 (၁) လက်၊ MA ကျည် (၄၃၂) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ MA ကျည်အိမ် (၉) တို့ကို ယူဆောင်လာပြီး ဂန့်ဂေါခရိုင် တပ်ရင်း ၃ နဲ့ တပ်ရင်း ၅ တို့ဆီ အလင်းဝင်လာတာလည်း ဖြစ်ပါတယ်။
ဆောမြို့ လောင်းရှည်တိုက်နယ် ရင့်ရဲချောင်းရွာအနီးမှာ ဂန့်ဂေါခရိုင် တပ်ရင်း ၃ နဲ့ တပ်ရင်း ၅ တို့က အခုလ ဇန်နဝါရီ ၄ ရက်မှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး MA-1 (၂) လက်၊ MA ကျည် (၄၀၇) တောင့်၊ အီနာဂါ (၂) လုံး၊ လက်ပစ်ဗုံး (၁) လုံး၊ နင်းမိုင်း (၁) လုံး၊ MA ကျည်အိမ် (၇) ခု၊ ကျည်ကာဦးထုပ် (၂) လုံး၊ ကျည်ကာအင်္ကျီ (၃) ထည်၊ ကျောပိုးအိမ် (၃) လုံး၊ စစ်ယူနီဖောင်း (၂) ထည်၊ ဖုန်း (၅) လုံး၊ ရေဘူး (၁) ဘူး၊ ဓား (၁) လက်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်ကလည်း ရင့်ရဲချောင်းရွာအနီးမှာ ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅၊ ၆)၊ မကွေးတိုင်း ဒရုန်းတပ်ဖွဲ့၊ စလင်းမြို့နယ် တိုက်ခိုက်ရေးအဖွဲ့တို့နဲ့ စစ်ကောင်စီစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ဖမ်းဆီးမိခဲ့သလို MA-2 (၂) လက်၊ MA-3 (၁) လက်၊ G-3 (၁) လက်၊ ကျည်အိမ် (၁၄) ခု၊ G-3 ကျည် (၆၄) တောင့်၊ MA ကျည် (၂၅၀) တောင့်၊ အီနာဂါ (၅) လုံး၊ ၆၀ မမ ဗုံးသီး (၃) လုံး၊ Equipment (၂) ခု၊ ကျောပိုးအိတ် (၃) ခု၊ ရေဘူး (၁) ဘူး၊ စစ်ယူနီဖောင်း (၂) စုံ၊ ရဲယူနီဖောင်း (၁) စုံတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။















Comments