top of page

လွိုင်ကော်အရှေ့ခြမ်း စစ်ဘေးရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရပြီး အမျိုးသမီးတစ်ဦး သေဆုံး

  • Writer: Zayar Oo
    Zayar Oo
  • Jan 1
  • 1 min read

BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၃၁ ၊ ၂၀၂၄

ree

ကရင်နီပြည်နယ် လွိုင်ကော်မြို့ အရှေ့ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေးတစ်ဦးအပါအဝင် ဒေသခံပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။


ဒီနေ့ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်မှာ လွိုင်ကော်မြို့ အရှေ့ခြမ်း စစ်ဘေးရှောင်စခန်း (ဒေသအခေါ် ဆင်စခန်း) ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့တာလည်း ဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပြောရေးဆိုခွင့်ရှိသူ သာအယ်စိုးက ပြောပါတယ်။


ree

"ဒီညနေ ၄ နာရီဝန်းကျင်မှာ လွိုင်ကော်အရှေ့ခြမ်းက စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာ၊ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေတယ်။ ၈ နှစ်အရွယ် ကလေးတစ်ဦး ဗိုက်မှာ ဒဏ်ရာရပြီး အူထွက်သွားတယ်။ အမျိုးသားတစ်ဦးက ခြေထောက်ပြတ်တယ်။ ကျောင်းသူတစ်ဦးက ဦးခေါင်းထိမှန် ဒဏ်ရာရတယ်"လို့ သာအယ်စိုးက ပြောပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်ကလည်း ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းအစပ် ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးကာ အပြစ်မဲ့ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။


အခုလ ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့) ကလည်း မိုးဗြဲမြို့ပေါ် သစ်ယာကုန်းရပ်ကွက်နဲ့ ပေါ်ဦးရပ်ကွက်တွေကို အမှတ် ၄၂၂ ခြေမြန်တပ်ရင်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေကြောင်းကနေ ဒရုန်းနဲ့ Drop Bomb ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူနေအိမ် ၅၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page