top of page

လုံခြုံရေးကြပ်တဲ့ ရန်ကုန်မှာ နှစ်ငါးလုံးနေ့လှုပ်ရှားမှု ပြုလုပ်

  • Writer: BVJ
    BVJ
  • Feb 25
  • 1 min read

BVJ_ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅

ဓါတ်ပုံ-စမ်းချောင်းပင်မသပိတ်စစ်ကြောင်း
ဓါတ်ပုံ-စမ်းချောင်းပင်မသပိတ်စစ်ကြောင်း

ရန်ကုန်မှာ စစ်ကောင်စီကလုံခြုံရေးတင်းကြပ်ထားတဲ့ကြားကနေ နှစ်ငါးလုံးနေ့လှုပ်ရှားမှုကို ရန်ကုန်တော်လှန်လူငယ်တွေက ဒီနေ့ ဖေဖော်ဝါရီ ၂၂ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။


“ငုံ့မခံနဲ့တုံ့ပြန်၊ အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်တော်လှန်လူငယ်တွေက ပြုလုပ်ခဲ့ကြတာပါ။


ပြည်သူတွေကိုနည်းမျိုးစုံနဲ့ဖိနှိပ်နေတာတွေကို ခေါင်းငုံ့ခံမနေဘဲ တော်လှန်ခြင်းနည်းလမ်းနဲ့ တုံ့ပြန်ကြဖို့နဲ့ အထွေထွေဖိနှိပ်ခံရမှုတွေကို အံ့တုတွန်းလှန်ရင်း အာဏာသိမ်းစစ်တပ် ကိုအမြစ်ပြတ်တဲ့အထိ ဆက်လက်တော်လှန်ကြဖို့ကိုလည်း တော်လှန်လူငယ်တွေက သတင်းစကားပါးထားပါတယ်။


အဲ့ဒီလှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊ Yangon4Brothers ၊ Mayangone Democratic Frontနဲ့ Linn Yaung Ni Youth Organization တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page