လန်ဒန်မှာ တရုတ်သံရုံးသစ်ကြီး ဆောက်လုပ်မယ့်အစီအစဥ် လူထောင်နဲ့ချီ ကန့်ကွက်ဆန္ဒပြပွဲ
- BVJ

- Feb 10
- 1 min read

“mega-embassy” လို့ခေါ်တဲ့ တရုတ်သံရုံးအသစ်ကြီး လန်ဒန်မှာဆောက်လုပ်ဖို့ အဆိုပြု ထားတဲ့အစီအစဥ်ကို ကန့်ကွက်ဆန္ဒပြပွဲတစ်ခု ဒီနေ့ကျင်းပခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကို လူတစ်ထောင်ကျော်ထဲတက်ရောက်ခဲ့ပြီး တရုတ်အစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့၂၀ကျော်နဲ့အတူ Stars of Myanmar Friendship အဖွဲ့က မြန်မာပြည်သားတစ်ချို့လဲ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဒါ့အပြင် အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီက သက်တမ်းရှည်လွှတ်တော်အမတ် Sir Iain Duncan Smithအပါအဝင် လွှတ်တော်အမတ်တစ်ချို့လည်း ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဆန္ဒပြတဲ့အမျိုးသမီးတစ်ယောက်ကို ယူကေရဲတပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဖမ်းသွားတဲ့သူပါတဲ့ရဲကားမထွက်နိုင်အောင် လူအုပ်ကြီးက ပိတ်ထားတာကိုတွေ့ရပါတယ်။

တရုတ်အစိုးရက သံရုံးသစ်ဆောက်လုပ်ဖို့ အဆိုပြုထားတဲ့ the Royal Mint Court အဆောက်အဦးရှိတဲ့ နေရာဟာ အရင်က ယူကေမှာအသုံးပြုတဲ့ ပိုက်ဆံအကြွေစေ့တွေ ရိုက်ထုတ်တဲ့ စက်ရုံဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည် တွေအလာများတဲ့ the Tower of London ရဲတိုက်ကြီးရှိတဲ့နေရာနဲ့လဲ ကားလမ်းမသာခြားပါတယ်။
အဲ့ဒီတရုတ်သံရုံးသစ်ကြီး ဆောက်လုပ်ခွင့်ကို ယူကေအစိုးရကသာ ခွင့်ပြုခဲ့ရင် တရုတ်သံရုံးဟာ ဥပရောပမှာ အကြီးဆုံးသံရုံးကြီးတစ်ခုဖြစ်လာမှာပါ။ ဒီနေ့ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်တဲ့ အဖွဲ့၂၀ကျော်ထဲမှာ Hong Kong Watch အဖွဲံအပါအဝင် ဟောင်ကောင်၊ တိုင်ဝမ်၊ တိဘက် ၊ ဝီဂါအဖွဲ့တွေ ပူးပေါင်း ပါဝင်တာတွေ့ရပါတယ်။







Comments