top of page

လက်ရှိလုပ်ဆောင်နေမှုတွေဟာ စစ်တပ်အတွက် သမိုင်းမှတ်တမ်းကောင်းဖြစ်လိမ့်မယ်လို့ စစ်ခေါင်းဆောင် ပြော

  • Writer: BVJ
    BVJ
  • Jan 11
  • 1 min read

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၁ ၊ ၂၀၂၅


Photo: CINCDS
Photo: CINCDS

နိုင်ငံ တည်ငြိမ်အေးချမ်းအောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေပြီး လက်ရှိ လုပ်ဆောင်နေမှုတွေဟာ သမိုင်းမှတ်တမ်းကောင်းတစ်ခုအဖြစ် ကျန်ရစ်နေမှာဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။


မနေ့ ဇန်နဝါရီ ၁၀ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မိတ္ထီလာတပ်နယ်နဲ့ မန္တလေးတပ်နယ်တို့ကို စစ်ခေါင်းဆောင် သွားရောက်ခဲ့ပြီး လက်အောက်ခံအဖွဲ့တွေနဲ့တွေ့ဆုံချိန်မှာ ပြောခဲ့တာဖြစ်ပြီး “တပ်မတော်ရဲ့ နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်နေမှုတွေဟာ သမိုင်းများဖြစ်သလို သမိုင်းမှတ်တမ်းကောင်းတွေကို ရေးထိုးနိုင်ရမယ်”လို့ ထည့်သွင်းပြောခဲ့တာလည်း ဖြစ်ပါတယ်။


ree

အခုလ ဇန်နဝါရီ ၈ ရက်နေ့က အပြစ်မဲ့ပြည်သူ ၄၀ ကျော် သေဆုံးခဲ့တဲ့ ကျောက်နီမော် လေကြောင်းတိုက်ခိုက်မှုနဲ့ မီးလောင်တိုက်သွင်းမှုအပါအဝင် စစ်ကောင်စီရဲ့ ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုလုပ်ရပ်တွေကို မျက်ကွယ်ပြုပြီး စစ်ကောင်စီခေါင်းဆောင်က တပ်တွင်းစည်းရုံးမှုတွေ အဆက်မပြတ်လုပ်ဆောင်နေသလို တပ်တွင်း စည်းလုံးခိုင်မာမှုရှိဖို့ကို ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။


ဒါ့အပြင် နိုင်ငံတွင်း စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပြီး နိုင်ငံ့စီးပွားရေးဟာလည်း ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်းကိုလည်း စစ်ခေါင်းဆောင်က မကြာခဏ ဝါဒဖြန့်ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။


နိုင်ငံတစ်ဝန်း နာရီပိုင်းမျှသာ လျှပ်စစ်မီးပေးနိုင်တော့တဲ့ စစ်ကောင်စီဟာ လျှပ်စစ်စွမ်းအား မလုံလောက်မှုနဲ့ပတ်သက်ပြီး ရေအားလျှပ်စစ်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေမှုအပေါ် ကန့်ကွက်မှုတွေရှိနေတာကြောင့် အမြန်ဆုံးအကောင်အထည်ဖော်နိုင်မယ့် ဆိုလာစနစ်ကို အသုံးပြုမှုကို အားပေးဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။


ree

လျှပ်စစ်ဓာတ်အား အပြည့်အဝမရရှိမှုဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖျက်ဆီးမှုနဲ့ စက်ရုံအချို့အနေနဲ့ စွမ်းအားပြည့် လည်ပတ်နို်ငတာမျိုး မရှိတော့သလို ဓာတ်ငွေ့လိုအပ်ချက်တွေ ရှိနေတာကြောင့်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။


ဒါကြောင့် ဒေသတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့လုပ်ငန်း လိုအပ်ချက်အလိုက် ဆိုလာစီမံကိန်းကို မိမိတို့ဘာသာ ဆောင်ရွက်နိုင်တယ်လို့လည်း ပြောခဲ့ပြီး တနိုင်တပိုင် ဝိုင်ဝန်းဆောင်ရွက်ကြဖို့ကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိတ္တီလာခရိုင် တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံတစ်ဝန်း လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်မှုတွေဖြစ်နေပြီး ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာလည်း အချိန်ပိုင်းမျှသာ လျှပ်စစ်မီးရရှိနေတာ ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page