top of page

လက်ပံလှရွာ လေကြောင်းထပ်တိုက်ခံရပြီး အမျိုးသမီး ၃ ဦး သေဆုံး

  • Writer: BVJ
    BVJ
  • Mar 20
  • 1 min read

၁၅ ရက်အတွင်း လေကြောင်းသုံးကြိမ်တိုက်ခံရပြီး အရပ်သား ၃၆ ဦးသေဆုံး


BVJ/ထက်အောင် _ မတ် ၁၈ ၊ ၂၀၂၅


ree

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး (၃)ဦး သေဆုံးခဲ့ပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) က ဒီနေ့ မတ်လ ၁၈ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။


မနေ့က မတ်လ ၁၇ ရက် ညနေ ခြောက်နာရီဝန်းကျင်က အရပ်သားတွေနေထိုင်ရာ လက်ပံလှကျေးရွာထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့တာကြောင့် အမျိုးသမီး (၃)ဦး သေဆုံးခဲ့ရပါတယ်။


ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကတည်း လက်ပံလှကျေးရွာ ဈေးဆိုင်တန်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးအပါအဝင် အရပ်သားပြည်သူ (၃၁)ဦးထိ သေဆုံးခဲ့ပြီး (၃၀)ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။


စစ်ကောင်စီက လက်ပံလှကျေးရွာကို ဒီလအတွင်းမှာ သုံးကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၄ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား (၂)ဦး သေဆုံးခဲ့ရပါသေးတယ်။


စဉ့်ကူးမြို့နယ်ကို MDY PDF နဲ့ မဟာမိတ်တပ်ဖွဲံတွေက သိမ်းယူခဲ့ပြီးနောက်ပိုင်း ကာလရှည်တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ စဉ့်ကူးမြို့ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ဆေးရုံဝင်းအတွင်း အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။


မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တို့ကို MDY PDF က ထိန်းချုပ်ထားပြီး မတ္တရာမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ MDY PDF တို့ စစ်ရေးတင်းမာမှုတွေလည်း ရှိနေပါတယ်။


အခု ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၃၀၀)နီးပါး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းတို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အများဆုံးလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page