top of page

လက်ပံတိုရေနံမှော်နား လေကြောင်းဗုံးကြဲခံရပြီး ရေနံလုပ်သားတွေအပါအဝင် ၁၂ဦး သေဆုံး

  • Writer: BVJ
    BVJ
  • Mar 4
  • 1 min read

BVJ/မိုနာ_ မတ် ၃၊ ၂၀၂၅

မြိုင်နဲ့ပေါက်ကို မတ်လ ၃ရက်နေ့က လေကြောင်းတိုက်ခိုက်အပြီး တွေ့မြင်ရပုံ(ဓါတ်ပုံ-အညာမြေတပ်ပေါင်းစု)
မြိုင်နဲ့ပေါက်ကို မတ်လ ၃ရက်နေ့က လေကြောင်းတိုက်ခိုက်အပြီး တွေ့မြင်ရပုံ(ဓါတ်ပုံ-အညာမြေတပ်ပေါင်းစု)

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်က ကျေးရွာတွေကိုစစ်ကောင်စီက ဒီနေ့မနက်အစောပိုင်းမှာ လေကြောင်းကနေ ဗုံးလာကြဲခဲ့တာကြောင့် ရေနံလုပ်သားတွေနဲ့ ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။


မနက်အစောပိုင်း တစ်နာရီကျော်ကစတင်ပြီး မြိုင်မြို့နယ် ဆိတ်ချေးရွာ၊ ဂျုတ်ကုန်းရွာ၊ ဘောင့်ဘင်ရွာ၊ ညောင်ကုန်းရွာ၊ ဆူးဝင်းရွာ၊ တောရွာတို့နဲ့ ပေါက်မြို့နယ်က လက်ပံတိုရွာနဲ့ သရက်ကန်ရွာတို့ကို Y-12လေယာဉ်၊ ဂျက်ဖိုက်တာတွေနဲ့ စုစုပေါင်း(၈)ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုဟာ မြိုင်နဲ့ပေါက်မြို့နယ် အစပ်က လက်ပံတို ရေနံမှော်နားဖြစ်တယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။


“ဗုံးကြဲတာက ပေါက်နယ်၊ မြိုင်နယ် အစပ်ရေနံမှော်တွေပါ။သေတာက အခုထိ ၁၂ယောက်အတည်ပြုလို့ရ၊ ဒဏ်ရာရတာက ခုထိ အတည်ပြုတာက ၁၅ယောက်ပါ။ သေဆုံးသူအများစုက ရေနံလုပ်သားတွေပါ။ မြိုင်နယ် ဘောင့်ဘင်ရွာကတော့ လေးယောက်။ ရွာခံတွေပါ။ အခုတော့ အရမ်းရှုတ်ထွေးနေဆဲဗျ”လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်စင်က Burma VJကိုပြောပါတယ်။


လေကြောင်းတိုက်ခိုက်မှုဟာ မြိုင်နဲ့ပေါက်မြို့နယ် အစပ်က လက်ပံတို ရေနံမှော်နားဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် လက်ရှိအတည်ပြုနိုင်တဲ့စာရင်းအရ အမျိုးသမီးတွေအပါအဝင် (၁၂)ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်းကို သေဆုံးသူတွေရဲ့ ဓါတ်ပုံနဲ့အတူ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။


ဒါ့အပြင် စစ်ကောင်စီရဲ့ ပါရာမော်တာ(စက်တပ်လေထီး)ကလည်း မနက် ခြောက်နာရီခန့်မှာ မြိုင်နယ်အနောက်တောင်ပိုင်းကို ဝဲနေတယ်လို့လည်း သိရပါတယ်။


စစ်ကောင်စီဟာ ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ ၂၅ရက်ကလည်း မြိုင်မြို့နယ် ဆုံကုံးရွာ ဘုန်းကြီးကျောင်းက မင်္ဂလာဆောင်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၂၀ဦးခန့် ထိခိုက်သေဆုံးခဲ့ရပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page