top of page

လက်နက်ကိုင်တော်လှန်လိုသူများကို ပြည်သူ့တော်လှန်ရေးတပ်ဦးက ဖိတ်ခေါ်နေ

  • Writer: BVJ
    BVJ
  • Feb 10
  • 1 min read

BVJ/ ယူဂရင်း_ ဖေဖော်ဝါရီ ၆၊ ၂၀၂၅


PRF အပါတ်စဉ်(၈) တပ်ဖွဲ့ဝင်ဖြစ်သင်တန်းဓါတ်ပုံများ (ဓါတ်ပုံ-PRF)
PRF အပါတ်စဉ်(၈) တပ်ဖွဲ့ဝင်ဖြစ်သင်တန်းဓါတ်ပုံများ (ဓါတ်ပုံ-PRF)

မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ အခြေစိုက်လှုပ်ရှားနေတဲ့ ပြည်သူ့တော်လှန်‌ရေးတပ်ဦး-PRF က လက်နက်ကိုင်တော်လှန်လိုသူ တပ်ဖွဲ့ဝင်သစ်တွေကို ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ပါတယ်။


“ကျွန်ုပ်တို့ပြည်သူ့တော်လှန်ရေးတပ်ဦးအနေဖြင့် စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင်ဆင်နွှဲသွားဖို့ ပြင်ဆင်နေတဲ့လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်တဲ့အတွက် လက်နက်ကိုင်တော်လှန်လိုသူ တပ်ဖွဲ့ဝင်သစ်များကိုလည်း ဖိတ်ခေါ်လျက်ရှိပါတယ်”လို့ PRF က မနေ့က ဖေ‌ဖော်ဝါရီ ၆ ရက်မှာ ပြောထားပါတယ်။


PRF အနေနဲ့ တပ်ဖွဲ့ဝင်ဖြစ်သင်တန်းအပါတ်စဉ်(၈)သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြည်သူ့တော်လှန်ရေးတပ်ဦးရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီမှာ သင်တန်းသား (၁၇) ဦးသင်တန်းဆင်းခဲ့ပြီး တပ်ဖွဲ့ဝင်ဖြစ်သင်တန်းအပါတ်စဉ်တွေ ထပ်မံပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


ပြည်သူ့တော်လှန်‌ရေးတပ်ဦး-PRFဟာ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့နဲ့ပါဝင်ဖွဲ့စည်းထားတဲ့ အမှတ်(၈)စစ်ကြောင်း အဖွဲ့ဝင် တပ်ဖွဲ့တစ်ခုလည်းဖြစ်သလို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာရှိတဲ့ ရေလာလေး စစ်ကောင်စီစခန်းကို အမှတ်(၈)စစ်ကြောင်းက ဦးဆောင်ပြီး မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ဝင်‌ရောက်တိုက်ခိုက်ခဲ့ပါ‌သေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page