ရုရှားနဲ့ ရက်၃၀ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ယူကရိန်း သဘောတူ
- BVJ

- Mar 19
- 1 min read
BVJ/အေတီ_ မတ် ၁၂ ၊ ၂၀၂၅

ဆော်ဒီအာရေဗျနိုင်ငံမှာကျင်းပခဲ့တဲ့ အမေရိကန်နဲ့ ယူကရိန်းအစိုးရကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲရလဒ်အရ အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီတွေ ဆက်ပေးအပ် သွားမှာဖြစ်ပြီး၊ ရုရှားနဲ့ ရက်၃၀ကြာ အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ ယူကရိန်းက သဘောတူလိုက်တယ်လို့ သိရပါတယ်။
အမေရိကန်က အဆိုပြုတဲ့ ရက်၃၀ကြာအပစ်အခတ်ရပ်ဆဲရေးနဲ့ ရုရှားနဲ့စစ်ပွဲအဆုံးသတ်ဖို့ စတင်ညှိနှိုင်းဆွေးနွေးဖို့ ကိစ္စကို ယူကရိန်းကသဘောတူညီထားတယ်လို့ အမေရိကန်နဲ့ ယူကရိန်း အစိုးရပူးတွဲထုတ်ပြန်တဲ့ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။
လက်ရှိအခြေအနေအရ အပစ်ခတ်ရပ်စဲရေးအတွက် ရုရှားဘက်က သဘောတူဖို့သာကျန်နေပြီး၊ သူ့အနေနဲ့ ရုရှားအစိုးရကို ကမ်းလှမ်းသွားမယ်လို့ ဆော်ဒီနိုင်ငံ Jeddahမြို့မှာပြုလုပ်တဲ့ အမေရိကန်နဲ့ ယူကရိန်းအစိုးရ ကိုယ်စားလှယ်တွေဆွေးနွေးပွဲ အဓိကဦးဆောင်သူ အမေရိကန်နိုင်ငံခြားရေးဝ န်ကြီး မာကိုရူဘီယိုက သတင်းထောက်တွေကို ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို ရုရှားအစိုးရက သဘောတူညီလိမ့်မယ်လို့ မာကိုရူဘီယိုက မျှော်လင့်ထားပြီး၊ တကယ်လို့ ရုရှားက လက်မခံဘူးဆိုရင် ဘာတွေအတားအဆီးရှိနေလဲဆိုတာ လက်တွေ့ သိလာပါလိမ့်မယ်လို့ သူက ထပ်ဖြည့်ပြောပါတယ်။
အမေရိကန်ကကြားကနေ အဆိုပြုထားတဲ့ အထက်ပါအပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ဟာ ယူကရိန်းဘက်ကလက်ခံလိုက်ပြီဖြစ်တဲ့အတွက် ရုရှားဘက်က လက်ခံဖို့အဆင့် ပဲကျန်ပါတော့တယ်။
ဆော်ဒီနိုင်ငံ Jeddah မြို့မှာပြုလုပ်တဲ့ အမေရိကန်- ယူကရိန်းဆွေးနွေးပွဲ အပြုသဘောဆောင်တဲ့ ရလာဒ်တွေရတဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောပါတယ်။
ဆော်ဒီမှာကျင်းပတဲ့ အမေရိကန်နဲ့ယူကရိန်းဆွေးနွေးပွဲအပြီးမှာ ယူကရိန်းသမ္မဇာလန်စကီးကို အိမ်ဖြူတော်ကို ထပ်ဖိတ်ခေါ်ဖို့ အစီအစဥ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။
ရုရှားနဲ့ ရက်၃၀ကြာ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ယူကရိန်းဘက်က သဘောတူထားပြီဖြစ်ကြောင်း ဆော်ဒီမှာကျင်းပတဲ့ အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲအပြီးမှာ အမေရိန်ကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထုတ်ပြန်ထားပါတယ်။







Comments