top of page

ရွှေဂူဂိတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး သေဆုံး၊ လေးဦးကို ဖမ်းဆီးရမိ

  • Writer: BVJ
    BVJ
  • Jan 31
  • 1 min read

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၃၀ ၊ ၂၀၂၅


ree

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရှင်မုတ္ထီးရွာ စစ်ကောင်စီ ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့ကာ ၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ ဇန်နဝါရီ ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။


ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ ဒူရကစစ်ကြောင်းရဲ့ ဦးဆောင်မှုနဲ့အတူ ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (DNLA) ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ဖက်ဒရယ်ဓူဝံကြယ် ဒရုန်းတပ်ခွဲ (FPF) နဲ့ ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ ၁ တို့က စစ်ကောင်စီ ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းတို့ကို မနေ့ ဇန်နဝါရီ ၂၉ ရက် နေ့လည်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။


နှစ်ဖက်တိုက်ပွဲ ၅ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ကာ ငါးကြင်းမြီး ၁ လက်၊ MA-4 ၁ လက်၊ MA-3 ၃ လက်၊ MA-2 ၁ လကက်၊ MA-4 ၄ လက်၊ ၆၀ (ကွန်မန်ဒို) စိန်ပြောင်း ၁ လက်၊ ၁၄ နင်းမိုင်း ၄ လုံး၊ လိပ်ခုံးမိုင်း ၅ လုံး၊ လက်ကိုင်ဖုန်း ၈ လုံးနဲ့ စစ်ဘက်အသုံးအဆောင်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


အခုလ ဇန်နဝါရီ ၂၄ ရက်ကလည်း ထားဝယ်မြို့နယ် ပကာရီ ရဲစခန်းအနီးမှာ စစ်ရေးအကြောင်းပြ ပိုက်ဆံကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒူရကစစ်ကြောင်းက စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါသေးတယ်။


ဇန်နဝါရီ ၂ ရက်ကလည်း ထားဝယ်မြို့နယ် မဲချောင်း (ရှစ်မိုင်) စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဒူရကစစ်ကြောင်းအပါအဝင် DNLA ၊ YPPDF ၊ FPF ဒရုန်းတပ်ဖွဲ့နဲ့ DEF PDF ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး MA ကျည်ကတ် ၄ ခု၊ ကျည် ၂၆၅ တောင့်၊ စကားပြောစက် ၃ လုံး၊ Equiment ၁ စုံ၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page