ရွေးကောက်ပွဲအတွက် အားလုံးပူးပေါင်းကြဖို့ စစ်ခေါင်းဆောင် လေယာဉ်ပျံပေါ်ကနေပြော
- BVJ

- Mar 19
- 1 min read
BVJ/ယူဂရင်း_ မတ် ၁၀၊ ၂၀၂၅

ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်ရင် ယုံကြည်တယ်ဆိုရင် အားလုံးပူးပေါင်းပေးကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံခရီးစဉ်ကနေ မြန်မာနိုင်ငံကိုပြန်လာတဲ့ လေယာဉ်ပေါ်မှာ ပြောလိုက်ပါတယ်။
“ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်မယ်လို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ဒါကိုကျွန်တော်တို့ ခိုင်ခိုင်မာမာလုပ်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဋကောစ လုပ်မနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပဲလိုပါတယ်။ အဲ့ဒါလုပ်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံ မုချအောင်မြင်ရမယ်ဗျ။ မုချအောင်မြင်ရမယ် ကျွန်တော်ဒါကိုပြောရဲပါတယ်။ ပြည်သူတွေကို ကျွန်တော် ဒါလေးတော့ ကျွန်တော့်ဘက်ကသဘောထားပေါ့ဗျာ။ ကျွန်တော်ဒါကို ပြောပါရစေ။ အားလုံး အစစအရာရာ အောင်မြင်မယ်လို့လည်းကျွန်တော် ယုံကြည်ပါတယ်ဗျာ။ ပြည်သူအများလည်းအားလုံး ကျန်းမာချမ်းသာကြပါစေ။ နောက်အစစအရာရာ တိုးတက်အောင် လုပ်နိုင်ကြပါစေလို့လည်း ကျွန်တော် ဆုမွန်ကောင်းတောင်းပါတယ်။ ပါတီစုံဒီမိုကရေစီကို ယုံကြည်တယ်ဆိုလို့ရှိရင် အားလုံးပူးပါင်းဆောင်ရွက်ပေးကြပါလို့လည်း ကျွန်တော်ပြောလိုပါတယ်ဗျာ။ ကောင်းပါတယ်ဗျာ၊ ကျေးဇူးအများကြီးတင်ပါတယ်”လို့ စစ်ခေါင်းဆောင်ခရီးစဉ်မှာလိုက်ပါတဲ့ မီဒီယာတွေနဲ့ မတ်လ ၉ ရက်နေ့က လေယာဉ်ပေါ်တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။
စစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံတွေကို အခုလ ၃ ရက်ကနေ ၉ ရက်အထိ တစ်ပတ်ကြာ သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုတို့နဲ့တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောဆိုခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဟာ လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားပြီး နိုင်ငံရေးပါတီ (၅၃)ခုက ရွေးကောက်ပွဲဝင်ဖို့စာရင်းပေးသွင်းထားကြောင်းနဲ့ အဲ့ဒီရွေးကောက်ပွဲကို ဘယ်လာရုစ်နိုင်ငံ လေ့လာရေးအဖွဲ့တွေအနေနဲ့လည်း လာရောက်ကြည့်ရှုကို ဖိတ်ခေါ်ခဲ့ပါသေးတယ်။







Comments