ရမ်းဗြဲကို စစ်ကောင်စီဗုံးကြဲ၊ ဒေသခံ လေးဆယ်ခန့်သေဆုံး
- BVJ

- Jan 9
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၉၊ ၂၀၂၅

ရခိုင်ပြည်၊ ရမ်းဗြဲမြိုနယ်ရှိ ကျောက်နီမော်တိုက်နယ်ကို မနေ့က ဇန်နဝါရီ ၈ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ (၄၀)ခန့်သေဆုံးခဲ့တယ်လို့ ဒေသတွင်းအခြေစိုက် မီဒီယာတွေဖော်ပြချက်အရ သိရပါတယ်။
နေ့လယ် တစ်နာရီကျော်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူများပြားခဲ့သလို (၂၀)ဦးခန့်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အဲ့ဒီလေကြောင်းဗုံးကြဲမှုကြောင့် ကျောက်နီမော်တိုက်နယ်က တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်တို့မှာ မီးလောင်ပျက်စီးတဲ့အိမ် (၅၀၀)လောက်လည်းရှိခဲ့တယ်လို့ သိရပါတယ်။



















Comments