ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်လေးခုမှာတာဝန်ထမ်းဆောင်ဖို့ အထူးစစ်ဆင်ရေးရဲဘော် ၂၅၀ သင်တန်းဆင်းလာ
- BVJ

- Feb 5
- 1 min read
BVJ/ယူဂရင်း_ ဖေဖော်ဝါရီ ၃၊ ၂၀၂၅

ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနဲ့ မွန်ပြည်နယ်စစ်ဆင်ရေးတွေမှာတာဝန်ထမ်းဆောင်ဖို့အတွက် NUG ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ - SOF က ရဲဘော် အယောက်(၂၅၀)ကို အထူးစစ်ဆင်ရေးသင်တန်းပေးခဲ့ပါတယ်။
အဲ့ဒီရဲဘော် (၂၅၀)ကို ခန္ဓာကိုယ်နဲ့စိတ်ဓာတ်ပိုင်းကြံ့ခိုင်မှု၊ အခြေခံစစ်ပညာတွေနဲ့ အထူးစစ်ဆင်ရေးဘာသာရပ်တွေကို KNLA နည်းပြတွေ၊ SOF သင်တန်းနည်းပြတွေနဲ့ US မရိမ်းသင်တန်းဆရာဟောင်း (မြန်မာနိုင်ငံသား)တွေရဲ့ နည်းစနစ်၊ လမ်းညွှန်ကွပ်ကဲမှု၊ လက်တွေ့ပစ်ခတ်မှုတွေနဲ့ လေးလခွဲကြာလေ့ကျင့်သင်ကြားပေးခဲ့ပြီး အခုနှစ် ဇန်နဝါရီ ၃၁ရက်နေ့မှာ သင်တန်းဆင်းခဲ့ပါတယ်။
အဲ့ဒီသင်တန်းဆင်းပွဲကို ကရင်ပြည်နယ်ကလွတ်မြောက်နယ်မြေတနေရာမှာ ပြုလုပ်ခဲ့ပြီး သင်တန်းဆင်း အထူးစစ်ဆင်ရေးရဲဘော်တွေအနေနဲ့ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်လေးခုမှာ သက်ဆိုင်ရာ စစ်ကြောင်း/တပ်ရင်းအလိုက် အထူးစစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်သွားရမှာဖြစ်တယ်လို့ SOFက ဒီနေ့မှာအသိပေးထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အခု ၂၀၂၅ခုနှစ်အတွင်းမှာ စစ်ရေးအရှိန်မြှင့်ဖို့အတွက် အထူးစစ်ဆင်ရေးသင်တန်းဆင်းရဲဘော်တွေနဲ့ အထူးတပ်ဖွဲ (တပ်ရင်း)တွေ တိုးချဲ့ဖွဲစည်းသွားမှာဖြစ်တာကြောင့် အဆုံးသတ်တိုက်ပွဲအတွက် ပါဝင်လိုတဲ့ လူငယ်/လူရွယ်၊ အမျိုးသား/အမျိုးသမီးတွေဟာ အပတ်စဥ် (၈)သင်တန်းမှာပါဝင်ဖို့ကိုလက်ခံနေပြီလို့ SOFကပြောထားပါတယ်။







Comments