ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မြင်းခြံခရိုင် PDF က ခရီးသွားတွေကို စစ်ဆေးအသိပညာပေးမှု လုပ်ဆောင်
- Zayar Oo
- Dec 28, 2024
- 1 min read
BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၃ ၊ ၂၀၂၄

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ အနီးဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (Natogyi PDF) က ခရီးသွားပြည်သူတွေကို ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးကာလ တိုက်ပွဲတွေ ဖြစ်ပွားနေချိန် မလိုအပ်ဘဲ ခရီးသွားလာတာမျိုး မလုပ်ဆောင်ဖို့ကို အသိပညာပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မိတ္ထီလာမြို့နယ်ကြား အမြန်လမ်းမကြီး မိုင်တိုင် ၃၁၈ မှာ မြင်းခြံခရိုင် အမှတ် ၄ - ၁၀ တပ်ရင်း (Natogyi PDF) ရဲဘော်တွေက ဒီနေ့ ဒီဇင်ဘာ ၂၃ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ခရီးသွားပြည်သူတွေကို ရှောင်တခင်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ခရီးသွားပြည်သူတွေအနေနဲ့ ခရီးသွားလာနေချိန် တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ ကြုံတွေ့ရပါက ရှေ့ဆက်တိုး သွားလာတာမျိုးမလုပ်ဆောင်ဘဲ နီးစပ်ရာ လုံခြုံရာနေရာမှာ နေထိုင်ဖို့နဲ့ ညအချိန်မတော် ခရီးသွားလာတာမျိုးကို မလုပ်ဆောင်ဖို့ကိုလည်း နွားထိုးကြီး PDF ရဲဘော်တွေက အသိပညာပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၁၉ အနီးမှာရှိတဲ့ စစ်ကောင်စီ ရဲကင်းစခန်းတစ်ခုကို နွားထိုးကြီး PDF နဲ့ ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့မှု လုပ်ဆောင်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ဒီနေ့မနက်ပိုင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ခရီးသွားပြည်သူတွေကို ရှောင်တခင်စစ်ဆေးမှုအခြေအနေနဲ့ပတ်သက်ပြီး နွားထိုးကြီး PDF ကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။



















Comments