top of page

ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်က စစ်ကောင်စီဂိတ်စခန်းတွေတိုက်ခံရ

  • Writer: BVJ
    BVJ
  • Feb 27
  • 1 min read

BVJ/ယူဂရင်း_ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၅


ree

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်အတွင်းက ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေ အခြေချတပ်စွဲထားတဲ့ ဂိတ်စခန်း (၇)ခုကို PDFတွေနဲ့ KNU/KNLA ပူးပေါင်းတပ်တွေက အခုလ ၂၅နဲ့၂၆ရက်တို့မှာ တိုက်ခဲ့တယ်လို့ NUGကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


အဲ့ဒီဂိတ်စခန်းတွေတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦးနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်(၁)ဦးတို့ ကျဆုံးခဲ့တယ်လို့သိရပါတယ်။


အဲ့ဒီတိုက်ခိုက်မှုတွေကို PDFတောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်ရှိ အမှတ် (၃၇၀၂) တပ်ရင်း၊ အမှတ် (၃၅၀၂) တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝကစစ်‌ကြောင်း(၇၈၀၃)၊ ဧရာဝတီစစ်ကြောင်း(၆၀၀၂)၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖတို့နဲ့ KNLA တပ်ရင်း ၉တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။


ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စစ်ရေးလှုပ်ရှားမှုတိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ၊ ဂိတ်စခန်းတွေနားကို မလိုအပ်ဘဲမသွား‌ကြဖို့ကိုလည်း အသိပေးထားပါသေးတယ်။


ပြီးခဲ့တဲရက်ကလည်း ရန်ကုန်၊ပဲခူးစိုးမိုးရေး စစ်ရေးဖော်ဆောင်မှုတွေလုပ်ဖို့အတွက်ဆိုပြီး NUGကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ဖွဲ့တွေ တပ်ရွှေ့ပြောင်းတာလုပ်ခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page