top of page

ရန်ကုန်နဲ့ မန္တလေးမှာ အဓမ္မ စစ်သား စုဆောင်းခဲ့တဲ့သူ အများစု ကရင်နီဘက်က ရှေ့တန်းစစ်မျက်နှာကို ပို့နေတယ်လို့ KNDFထုတ်ပြန်

  • Writer: BVJ
    BVJ
  • Feb 19
  • 1 min read

BVJ/ယူဂရင်း_ ဖေ‌ဖော်ဝါရီ ၁၈၊ ၂၀၂၅


ree

ရှမ်း-ကရင်နီပြည်နယ်စပ် မိုးဗြဲမြို့နယ်မှာ ထိတွေ့တိုက်ပွဲနေ့တိုင်းဖြစ်နေပြီး ရှေ့တန်းစစ်မြေပြင်ကိုစွန့် ထွက်ပြေးလာသူစစ်ကောင်စီတပ်သား များနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီနေ့ ဖေဖော်ဝါရီ ၁၈ရက်မှာ အသိပေးထုတ်ပြန်လာပါတယ်။


ရှေ့တန်းစစ်မြေပြင်က ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNDFအနေနဲ့လက်ခံပြီး ကောင်းမွန်လုံခြုံစွာထားရှိကြောင်းနဲ့ အခု ဖေဖော်ဝါရီလအတွင်း KNDF တပ်ရင်းအမှတ်(၃) လှုပ်ရှားနယ်မြေအတွင်းကို စစ်ကောင်စီဘက်ကနေ လက်နက်နဲ့အတူဘက်ပြောင်းခိုလှုံလာသူ (၅)ယောက်နဲ့ ရှေ့တန်းစစ်မြေပြင်အတွင်း လက်နက်မဲ့ထွက်ပြေးလွတ်မြောက်လာသူ(တပ်ပြေး) (၈)ယောက်ကို ခေါ်ယူနိုင်ခဲ့ပြီး သက်ဆိုင်ရာဗဟိုဌာနတွေမှာ လုံခြုံစွာထားရှိတယ်လို့ KNDFကသိရပါတယ်။


ဒါ့အပြင် အင်အားချည့်နဲ့လာတဲ့စစ်ကောင်စီတပ်ဟာ ၂၀၂၄ခုနှစ်နှောင်းပိုင်းကစပြီး အဓမ္မစုဆောင်းထားတဲ့ ပြည်သူ့စစ်မူထမ်းတွေကို စစ်မြေပြင် ရှေ့ဆုံးထိုးစစ်နေရာတွေမှာ ထုတ်သုံးလာတာကိုတွေ့ရတယ်လို့ ဆိုထားပါတယ်။


ree

“ထွက်ပြေးလွတ်မြောက်လာသူများ၏ ပြောဆိုချက်များအရ ပြည်သူ့စစ်မူထမ်းများအားလုံးနီးပါးမှာ တပ်ထဲသို ဝင်ရန်ဆန္ဒမရှိဘဲ စကစနှင့် ၎င်းတို့၏လက်ကိုင်တုတ် အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်း၍ အတင်းအဓမ္မ စုဆောင်းခြင်းခံရသူများဖြစ်ကြပြီး အသက်မပြည့်သေးသော ကလေးငယ်များလည်း ပါဝင်သည်ကို မြေပြင်တွင် တွေ့ရှိရပါသည်” လို့ KNDFက ပြောထားပါတယ်။


ကရင်နီပြည်နယ်ကစစ်မြေပြင်တွေကို ပိုဆောင်ခံရသူအများစုဟာလည်း စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်း၊ ဖားအံမြို့၊ စတဲ့နေရာတွေကဖြစ်ကြပြီး သုံးလကြာအခြေခံစစ်သင်တန်းပေးကာ ရှေ့တန်းစစ်မျက်နာပြင်သို စေလွှတ်ခံရသူတွေဖြစ်တယ်လို့လည်း KNDFက ဖော်ပြပါတယ်။


ဒါကြောင့် အတင်းအဓမ္မ တပ်သားစုဆောင်းခံပြီး ရှေ့တန်းစစ်မျက်နှာပြင်ကိုပို့ခံရရင် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေဆီကို ချိတ်ဆက်ပြီးဘက်ပြောင်းခိုလှုံကြဖို့ကိုလည်း KNDFက အကြံပြုထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page