top of page

ရခိုင်- မကွေးအစပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးလာချိန်အလံဖြူထောင်အချက်ပြဖို့ တိုက်ပွဲဝင်PDFတွေ ကြေညာ

  • Writer: BVJ
    BVJ
  • Feb 25
  • 1 min read

BVJ/ယူဂရင်း_ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅

အထက်မင်းလှ(ပကဖ)၊ ACDF၊ PIAပူးပေါင်း ရွေ့လျားစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမ်း-ပဒါန်းလမ်းမှာထိတွေ့မှုဖြစ်ပြီး ရရှိခဲ့တဲ့လက်နက်
အထက်မင်းလှ(ပကဖ)၊ ACDF၊ PIAပူးပေါင်း ရွေ့လျားစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမ်း-ပဒါန်းလမ်းမှာထိတွေ့မှုဖြစ်ပြီး ရရှိခဲ့တဲ့လက်နက်

ရခိုင်- မကွေးအစပ် အမ်း- ပဒါန်းလမ်းပေါ် တပ်စခန်းတွေကနေ စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ထွက်ပြေးလာချိန်မှာ အလံဖြူအချက်ပြတာ သို့မဟုတ် လက်နက်ချမယ့်အကြောင်းကို အသံပြုပေးဖို့ကို အဲ့ဒီဒေသတွေမှာ စစ်ရေးဖော်ဆောင်နေတဲ့ အရှိုချင်းကာကွယ်ရေးတပ် - ACDF ၊ PDF - မင်းလှနဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော် - PIA တို့က ပူးပေါင်း ကြေညာပါတယ်။


အမ်း- ပဒါန်းလမ်းရှိ စစ်ကောင်စီစခန်းတွေကနေ ပုံစံမျိုးစုံနဲ့ထွက်ပြေးလာကြသူတွေဟာ ထွက်ပြေးရာလမ်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အမြင်မှားပြီးကြောက်လန့်ကာ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် တော်လှန်ရေးတပ်တွေဘက်ကလည်း ပြန်လည်တုံ့ပြန်ပစ်ခတ်နေရတာတွေ ရှိတဲ့အတွက် အသက်အန္တရာယ်မဆုံးရှုံးရအောင် အချက်ပြဖို့ကို ပြောလာတာပါ။


အခုလ ၁၉ရက် ညပိုင်းကလည်း အထက်မင်းလှ(ပကဖ)၊ ACDF၊ PIAပူးပေါင်း ရွေ့လျားစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အမ်း-ပဒါန်းလမ်းပိုင်းမှာထိတွေ့မှုဖြစ်ခဲ့ပြီး MA-1 (၅)လက်၊ MA-3(၁)လက်၊ (၉)ခုနဲ့လက်ပစ်ဗုံးကျည်စတာတွေကို ရခဲ့သေးတာကြောင့် စစ်စခန်းစွန့်ခွာလိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို နည်းမျိုးစုံနဲ့ဆက်သွယ်လို့ရသလို၊ ဖုန်း၊အင်တာနက်ဖြတ်တောက်ခံထားလို့ရှိရင်လည်း ထွက်ပြေးလာတဲ့လမ်းမှာ အလံဖြူထောင်အချက်ပြဖို့နဲ့ လက်နက်ချကြောင်းအသံပြုဖို့ကို ထုတ်ပြန်ထားပါတယ်။


အခုလ ၂၂ရက် နေ့လယ်တစ်နာရီခန့်ကလည်း မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်က လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ စစ်ယာဉ်တန်းနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၀၀) ကျော်ကို CDF – အရှိုက တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦး သေဆုံးခဲ့သလို လက်နက်တွေရရှိခဲ့ပါသေးတယ်။


အဲ့ဒီတိုက်ပွဲမှာ CDF – အရှိုက ရဲဘော်တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။


အမ်း- ပဒါန်းလမ်းပေါ်ကစစ်ကောင်စီတပ်စခန်းတွေကို AAကထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းနားကိုရောက်လာပြီး ဂုတ်စီးရိုးကျေးရွာနားက စစ်ကောင်စီရဲ့ တမခ - ၉၉ လက်အောက်ခံ ခမရ ၄၁၉၊ ခမရ ၁၄ တပ်ရင်း ပူးပေါင်းတပ်တွေနဲ့ ပြီးခဲ့ ဇန်နဝါရီလ ၂၇ ရက်က တိုက်ပွဲတွေဖြစ်ကာ စစ်ကောင်စီဘက်က ဆုတ်ခွာနေရတယ်လို့ AAထုတ်ပြန်ချက်အရ သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page