top of page

ယူကရိန်းနဲ့ အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေ ဆော်ဒီမှာ တွေ့ဆုံဆွေးနွေးဖို့ရှိ -

  • Writer: BVJ
    BVJ
  • Mar 8
  • 1 min read

BVJ/အေတီ _ မတ် ၆ ၊ ၂၀၂၅

ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မှာ မတ်လ၆ရက်နေ့က ကျင်းပတဲ့ ဥရောပထိပ်သီးအစည်းအဝေးမှာ ယူကရိန်းသမ္မတ ဇာလန်းစကီး ကို တွေ့ရစဥ်
ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မှာ မတ်လ၆ရက်နေ့က ကျင်းပတဲ့ ဥရောပထိပ်သီးအစည်းအဝေးမှာ ယူကရိန်းသမ္မတ ဇာလန်းစကီး ကို တွေ့ရစဥ်

ယူကရိန်းစေ့စပ်ညှိနှိုင်းရေးမှူးတွေနဲ့ အမေရိကန်အစိုးရကိုယ်စားလှယ်တွေ နောက်တပတ်ထဲ ဆော်ဒီအာရေဗျနိုင်ငံမှာ တွေ့ဆုံဆွေးနွေးဖို့စီစဥ််ထားပြီလို့ ယူကရိန်းသမ္မတဇာလန်းစကီးက အတည်ပြု ပါတယ်။


"လာမယ့် တနင်္လာနေ့မှာ ဆော်ဒီ အိမ်ရှေ့မင်းသားနဲ့ တွေ့ဆုံဖို့ အဲ့ကိုသွားမယ်။ သူနဲ့ တွေ့ဆုံမှုပြီးရင် ကျွန်တော့်တို့အဖွဲ့နဲ့ အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံနွေးမယ့် ကိစ္စဆက်လုပ်သွားဖို့ရှိပါတယ် " လို့ သမ္မတဇာလန်းစကီးက သူ့ရဲ့ ဆိုရှယ်မီဒီယာပေ့ချ်မှာ ဖော်ပြထားပါတယ်။


ယူကရိန်းအစိုးရအနေဲ့ မြန်ဆန်ပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးရရှိဖို့ အမေရိကန်သမ္မထရမ့်နဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုဆက်ပြီး လုပ်ဆောင်သွားမှာပါလို့ ဇာလန်းစကီးက ပြောပါတယ်။


ဆော်ဒီမှာ တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ ကိစ္စ စီစဥ်ထားပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့အစိုးရအဖွဲ့ရဲ့ အရှေ့အလယ်ပိုင်း အထူးသံတမန် Steve Witkofတို့ကလဲ အတည်ပြုပါတယ်။ ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးက ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုရချင်တဲ့ ဆန္ဒရှိနေတနေလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ အမေရိကန်သမ္မတ ထရမ့် ကိုယ်တိုင်လည်း ဆော်ဒီအာရေးဗျနိုင်ငံကို သွားဖို့ အစီအစဥ်ရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။


ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဒီနေ့ ပြုလုပ်တဲ့ ဥရောပ ထိပ်သီးအစည်းအဝေးမှာ ယူကရိန်းသမ္မတက စစ်ပွဲအဆုံးသတ်ရေးအတွက်ဆက်ခြေလှမ်းလှမ်းရမယ့် သူအဆိုပြုထားတဲ့ အချက်တွေ ကို ထောက်ခံအားပေးကြဖို့ ဥရောပနိုင်ငံခေါင်းဆောင်တွေထံ တောင်းဆိုထားပါတယ်။


တစ်ချိန်တည်းမှာပဲ ရုရှားဘက်က ယူကရိန်းမှာ ဥရောပငြိမ်းချမ်းတပ်ဖွဲ့တွေထားမယ်ဆိုရင် သူတို့ သဘောတူညီချက်ယူရမှာဖြစ်ပြီး သူတို့သဘောမတူရင် စစ်ပွဲကို တိုက်ရိုက်အကျိုး သက်ရောက် မှုတွေဖြစ်လာမယ်လို့ သတိပေးနေပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page