top of page

မိုးဗြဲရှေ့တန်းမှာဒရုန်းထိပြီး နေပြည်တော်တပ်ရင်း (၈၀၅) ၊ ထနောင်းစစ်ကြောင်းရဲ့ တပ်ခွဲ ၁ ဒုတပ်ခွဲမှူး ကျဆုံး

  • Writer: BVJ
    BVJ
  • Mar 24
  • 1 min read

BVJ/ယူဂရင်း_ မတ် ၂၄၊ ၂၀၂၅


မိုးဗြဲတိုက်ပွဲအတွင်း ဒရုန်းထိမှန်ကျဆုံးခဲ့ရသည့် ရဲဘော်ငတေ(ခ)ကျော်တေဇ(ခ)နုအ်မန်း (ဓါတ်ပုံ-Paing Ye Thu , Htun Min Latt)
မိုးဗြဲတိုက်ပွဲအတွင်း ဒရုန်းထိမှန်ကျဆုံးခဲ့ရသည့် ရဲဘော်ငတေ(ခ)ကျော်တေဇ(ခ)နုအ်မန်း (ဓါတ်ပုံ-Paing Ye Thu , Htun Min Latt)

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီ(ကယား)ပြည်၊ မိုးဗြဲတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ နေပြည်တော်တပ်ရင်း (၈၀၅) ၊ ထနောင်းစစ်ကြောင်းရဲ့ တပ်ခွဲ ၁ ဒုတပ်ခွဲမှူး ရဲဘော်ငတေ(ခ)ကျော်တေဇ(ခ)နုအ်မန်း ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။


အခု ၂၂ရက်နေ့ မိုးဗြဲတိုက်ပွဲရှေ့တန်းမှာ ဒရုန်းထိပြီး ရဲဘော်ငတေ(၂၂ နှစ်)ကျဆုံးခဲ့ရတာဖြစ်တယ်လို့ နေပြည်တော်တပ်ရင်း (၈၀၅)တာဝန်ရှိသူကလည်း Burma VJကို ပြောပါတယ်။


“မိုးဗြဲရှေ့တန်းမှာ စကစ တိုးလာတာကို ကာကွယ်ရင်း ဒရုန်းထိမှန်ကျဆုံးတာဗျ။ ကျနော်တို့ရဲဘော်တယောက် လက်နက်ကြီးအရင်ထိပြီးမှ ခွဲမှူးငတေအပါအဝင် နောက်ထပ် ရဲဘော်လေးယောက်ပါ ဒဏ်ရာရရှိသွားတာပါ”လို့ နေပြည်တော်တပ်ရင်း (၈၀၅) တပ်ရင်းမှူး ရဲဘော်တရုတ်ကြီးက ပြောပါတယ်။



ကျဆုံးသွားတဲ့ ရဲ‌ဘော်ငတေတို့မိသားစုဟာ ညီအကို(၅)ဦးရှိပြီး အဲ့ဒီထဲက နေပြည်တော် ၈၀၅တပ်မှာ နှစ်ဦးနဲ့ မန္တလေး PDFမှာနှစ်ဦး စုစုပေါင်း ညီအကိုလေးဦးဟာ PDFအဖြစ်တာဝန်ထမ်းဆောင်နေတာဖြစ်တယ်လို့ နေပြည်တော်တပ်ရင်း (၈၀၅)က အခုနှစ် ဇန်နဝါရီ ၁၄ရက်က ထုတ်ပြန်ထားတဲ့ ရဲဘော်ငတေတို့ညီအကိုတွေ(တော်လှန်ညီအကိုများ) အကြောင်းအရ သိရပါတယ်။


“ညီလေးရေ အကိုကြီးက မင်းကိုစိတ်ဆိုးပြီး စကားကိုမပြောတာ ကိုကြီးအမှားပါကွာ။ အခု ငါ့ညီလေး မရှိတော့ဘူး၊ မင်းအမေကလဲ မင်းမရှိရင်အိမ်မပြန်တော့ဘူးတဲ့ ကိုကြီးတို့အိမ်ပြန်ချိန် ထမင်းဝိုင်း လူမဆုံတော့ဘူး။ အရင်လိုမပျော်ရတော့ဘူး။ ညီလေးရေ ဘယ်လိုမှမခံစားနိုင်ဘူးကွာ”လို့ ရဲဘော်ငတေအတွက်ဝမ်းနည်းကြောင်းကို အကိုဖြစ်သူက လူမှုကွန်ရက်မှာရေးသားထားပါတယ်။


တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုက စိုးမိုးထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်နေတာဟာ လေးလနီးပါးကြာမြင့်လာပြီးဖြစ်ပြီး လက်ရှိမှာလည်း နေ့တိုင်းနီးပါးထိတွေ့တိုက်ပွဲဖြစ်နေကြောင်းနဲ့ စစ်ကောင်စီဘက်က ဒရုန်း၊လက်နက်ကြီး အလွန်အကျွံသုံးပြီး မြို့ကိုထိုးစစ်ဆင်နေကြောင်း နေပြည်တော်တပ်ရင်း ၈၀၅က သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page