မိုးဗြဲမြို့ပြန်ရဖို့ စစ်ကောင်စီအင်အားသုံးထိုးစစ်ဆင်နေတာကြောင့် မြို့တွင်းသွားလာခွင့် ငါးရက်ပိတ်
- BVJ

- Feb 25
- 1 min read
BVJ/ယူဂရင်း_ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅

ကရင်နီပြည်(ကယား)က မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ အင်အားသုံးထိုးစစ်ဆင်နေပြီး လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFနဲ့ မိုးဗြဲPDFက မနေ့ကညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
နှစ်လကျော်လာတဲ့ ခုခံစစ်အတွင်းစစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မူတွေကို အများပြည်သူနေထိုင်ရာ နေရာဒေသတွေအထိ ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် ပြည်သူတွေလုံခြုံမှုရှိစေဖို့အတွက် မိုးဗြဲမြို့တွင်းဖြတ်သန်းသွားလာခွင့်ကို အခုလ ၂၄ရက်ကနေ ၂၈ရက်အထိ ငါးရက်ကြာပိတ်ထားမယ်လို့ မိုးဗြဲPDF-၁၀၀၁တပ်ရင်းနဲ့ KNDFတပ်ရင်း-၃က ကြေညာပါတယ်။
အရပ်သားတွေမြို့ထဲသွားလာခွင့်ယာယီပိတ်မှာဖြစ်တဲ့အတွက် အရေးကြီးကိစ္စရှိရင် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေ၊ လုံခြုံရေးဂိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မူ ပြုလုပ်ကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
မိုးဗြဲမြို့ရရှိဖို့ စစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုအတွင်း ကာကွယ်ရေးတပ်ပေါင်းစုတွေဘက်က စုပေါင်းခုခံမှုတွေကြောင့် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမူများပြားနေတယ်လို့လည်း ပြောထားပါတယ်။
၂၀၂၃၊ နိုဝင်ဘာလကစတင်ခဲ့တဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်းမှာ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုးဗြဲမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့တာပါ။







Comments