top of page

မြန်မာဘက်ခြမ်းကို လျှပ်စစ်မီးနဲ့ လောင်စာဆီ ပေးပို့မှု စတင်ဖြတ်တောက်

  • Writer: BVJ
    BVJ
  • Feb 5
  • 1 min read

ထိုင်းနိုင်ငံဘက်ခြမ်းကနေ မြန်မာနိုင်ငံဘက်ခြမ်းကို လျှပ်စစ်မီးနဲ့ လောင်စာဆီ အထောက်အပံ့ပေးနေတာ ချက်ချင်းရပ်တန့်ဖို့ မနေ့ ဖေဖော်ဝါရီ ၄ ရက်မှာ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်က အတည်ပြုခဲ့ပြီးနောက် ဒီနေ့ ဖေဖော်ဝါရီ ၅ ရက် မနက် ၉ နာရီမှာ လျှပ်စစ်မီး ဖြတ်တောက်မှုတွေကို ထိုင်းအာဏာပိုင်တွေက စတင်လုပ်ဆောင်ခဲ့ပါတယ်။



အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေကို နှိမ်နင်းရေးစီမံချက်တွေနဲ့အတူ ထိုင်းနယ်စပ်နဲ့ ထိစပ်နေတဲ့ ထိုင်း-မြန်မာနယ်စပ်ဒေသတွေဖြစ်တဲ့ မြဝတီမြို့နယ်အတွင်းက နေရာ ၂ ခု၊ တာချီလိတ်မြို့နယ်အတွင်းက နေရာ ၂ ခုနဲ့ မွန်ပြည်နယ် ဘုရားသုံးဆူဒေသက နေရာတစ်ခုတို့ကို လျှပ်စစ်မီး ဖြတ်တောက်ခဲ့တာလည်း ဖြစ်ပါတယ်။


ဗီဒီယို - တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအနီး မြန်မာဘက်ခြမ်းကို ဆက်သွယ်ထားတဲ့ လျှပ်စစ်ကို ထိုင်းအာဏာပိုင်တွေက ဖြတ်တောက်နေစဉ်။ (Video: Khaosod English)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page