top of page

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ကို စုံစမ်းစစ်ဆေးဖို့ Justice For Myanmar အဖွဲ့ တိုက်တွန်း

  • Writer: BVJ
    BVJ
  • Mar 19
  • 1 min read

အေတီ/BVJ ၊ မတ်၁၀ ၂၀၂၅

ဂျူလီဘိ​ရှော့နှင့် တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိတို့ ၂၀၂၄ ခုနှစ် ၊ သြဂုတ်လက တရုတ်နိုင်ငံ၊ ​ဘေကျင်းမြို့မှာ တွေ့ဆုံခဲ့စဥ်
ဂျူလီဘိ​ရှော့နှင့် တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိတို့ ၂၀၂၄ ခုနှစ် ၊ သြဂုတ်လက တရုတ်နိုင်ငံ၊ ​ဘေကျင်းမြို့မှာ တွေ့ဆုံခဲ့စဥ်

တရုတ်အစိုးရပိုင် ကုမ္ပဏီတွေနဲ့ပတ်သက်ဆက်နွယ်မှုတွေရှိနေတဲ့ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘိရှော့ကို ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပေးဖို့ Justice For Myanmar အဖွဲ့က မတ်လ၉ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။


“ဂရင်းလန်းက ဒေသခံ တိုင်းရင်းသားလူထုတွေ တရားသဖြင့် ဆန့်ကျင်ကန့်ကွက်ထားတဲ့ တရုတ်ကျောထောက်နောက်ခံပြု သတ္တုတူးဖော်ရေးစီမံကိန်းအတွက် အကြံပေးအဖြစ် ခန့်အပ် တာအပါအဝင် ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ဂျူလီဘိရှော့ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်မိပါတယ်လို့ Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။


 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘိရှော့ကို သြစတြေးလျကုမ္ပဏီ Energy Transition Minerals (ETM)ရဲ့ မဟာဗျူဟာအကြံပေးအဖြစ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက ခန့်အပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်မှုတွေရှိနေတဲ့ တရုတ်နိုင်ငံ ပိုင်ကုမ္ပဏီတွေနဲ့ ဆက်နွှယ်နေတဲ့ ဂရင်း လန်းဒေသက အငြင်းပွားဖွယ် ယူရေနီယမ်နှင့် မြေရှားသတ္တု တူးဖော်ရေးစီ မံကိန်းအတွက် သူ့ကို အကြံပေး ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

 

ETM ကုမ္ပဏီရဲ့ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံပိုင်ဆောက်လုပ်ရေးလုပ်ငန်းစုကြီး China Communications Construction Company (CCCC) ဟာ တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံကိန်းတွေနဲ့ ဆက်နွှယ်နေပါတယ်။ပြီးတော့ မြန်မာနိုင်ငံထဲမှာ မြေရှားသတ္တုတူးဖော်မှုတွေပြုလုပ်နေတဲ့ တရုတ်အစိုးရပိုင် Shenghe Resources ကုမ္ပဏီဟာလည်း သြစတြေးလျကုမ္ပဏီ Energy Transition Minerals (ETM)ရဲ့ အစုရှယ်ယာ ဆယ်ရာခိုင်နှုးန်းနဲ့ အထက်ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။Shenghe Resources ဟာ ETM ကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင်ဖြစ်ပြီး၊ ကုမ္ပဏီပိုင်ဆိုင်မှု ၉ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတဲ့အတွက် ဂျူလီဘိရှော့ အကြံပေးနေတဲ့ ETM ဘုတ်အဖွဲ့မှာ နေရာတစ်နေရာ ရရှိထားပါတယ် ။


ဂျူလီဘိရှော့အား ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဧပြီလက ခန့်အပ်ခဲ့ပါတယ်။သူ့ရဲ့တာဝန်ဟာ မြန်မာနိုင်ငံတွင်းက အကျပ်အတည်းတွေကို ဖြေရှင်းဆောင်ရွက် ရမည်ဖြစ်ပြီး သူ့အနေနဲ့ ဒီမိုကရေစီဘက်သားတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ထိခိုက်နစ်နာသည့် ရပ်ရွာလူထုများနှင့် ထိတွေ့ဆက်ဆံရာတွင် ယုံကြည်မှု နှင့် သမာသမတ်ရှိမှုတို့က လွန်စွာ အရေးပါတယ်လို့ Justice For Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။


ဩစတြေးလျစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ETM မှတဆင့် ဂျူလီဘိရှော့နဲ့ တရုတ်နိုင်ငံပိုင် ကုမ္ပဏီများ ဆက်နွှယ်မှုကို Saturday Paper သတင်းစာက ပထမဆုံး သတင်းရေးသား ဖော်ပြခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page