မြန်မာနယ်စပ် ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူတွေ ထိုင်းဘက်ထွက်ပြေးတိမ်းရှောင်
- BVJ

- Feb 27
- 1 min read
BVJ/ထက်အောင် _ ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၅

ထိုင်းနဲ့ ထိစပ်နေတဲ့ မြန်မာနယ်စပ်နား ကျေးရွာတွေကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်တာကြောင့် ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ဒေသခံပြည်သူ ၁၀၀ ဝန်းကျင် ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ဘေးရှောင် ဝင်ရောက်လာတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့နယ် ကလေးဖိုးကလိုးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ်အနီးက ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်းနယ်စပ်နဲ့ ကီလိုမီတာအနည်းငယ်သာဝေးတဲ့နေရာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ချိန် ထိုင်းတပ်မတော် တိုက်လေယာဉ် ၂ စီး လေကြောင်းလုံခြုံရေးအတွက် နယ်စပ်တစ်လျှောက် ပျံသန်းခဲ့ပါသေးတယ်။
မြန်မာဘက်ခြမ်းကနေ စစ်ဘေးရှောင်လာသူ ကရင်နဲ့ ဗမာတိုင်းရင်းသား ၁၀၀ ဝန်းကျင်ဟာ တာ့ခ်ခရိုင်အတွင်း ထိုင်းနယ်စပ် ကျေးရွာတွေအတွင်း ဝင်ရောက်လာချိန် ထိုင်းနယ်ခြားစောင့် အထူးတပ်ဖွဲ့က စောင့်ကြည့်ကယ်ဆယ်ထားပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးနေတယ်လို့လည်း သိရပါတယ်။
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက် နေရပ်စွန့်ခွာထွက်ပြေးလာသူတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးကို Burma VJ က မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။







Comments