မြိုင် မင်္ဂလာဆောင်ဗုံးကြဲခံရမှုအတွင်း ဆယ်ဦးကျော် သေဆုံးမှုရှိနေ
- BVJ

- Feb 25
- 1 min read
BVJ/မိုနာ_ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅

မကွေးတိုင်း၊ မြိုင်မြို့နယ် ကျောက်ခွက်ရေနံမှော်ဒေသအတွင်း ဆုံကုန်းရွာဘုန်းကြီးကျောင်းမှာ မင်္ဂလာဆောင်အခမ်းအနားပြုလုပ်နေချိန် ဒီနေ့မနက် ၉း၄၅အချိန်မှာ စစ်ကောင်စီက လေကြောင်းကနေပေါင် ၅၀၀ဗုံး နှစ်လုံးလာကြဲချသွားတယ်လို့ သိရပါတယ်။
မင်္ဂလာဆောင်နေတဲ့အချိန် ဗုံးကြဲခံရတာကြောင့် လူ ၁၀ယောက်ထက်မနည်း ထိခိုက်သေဆုံးမှု ရှိနေတယ်လို့ မြိုင်ပကဖ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“သေဆုံးမှုကများပါတယ်။ ဆယ်ဂဏန်းလောက်ရှိပါဗျ။ အခုထိသေချာစိစစ်နေတုန်းပါ။ လေကြောင်းဝဲနေတုန်းမို့ အတိအကျမသိရသေးပါဘူး”လို့ Burma VJကိုပြောပါတယ်။
ဗုံးကြဲခံရတဲ့ မင်္ဂလာဆောင်ဟာ တော်လှန်ရေးတပ်သားတစ်ဦးရဲ့ မင်္ဂလာဆောင်ဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီဘက်ကနေ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်လာနိုင်တာကြောင့် ဒေသခံတွေဟာလည်း ထွက်ပြေးတိမ်းရှောင်မှုတွေလုပ်နေရပြီး ထိခိုက်သေဆုံးသူတွေနဲ့ပတ်သက်ပြီးလည်း အရေအတွက်အတိအကျကောက်ယူနိုင်ခြင်း မရှိသေးပါဘူး။











Comments