top of page

မြောက်ဦးမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းမိသားစုဝင်နေရာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

  • Writer: BVJ
    BVJ
  • Jan 19
  • 1 min read

ကလေးအပါအဝင် အမျိုးသမီး ၂၈ ဦး သေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိ


BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၉ ၊ ၂၀၂၅


စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို တွေ့ရစဉ် (Photo: AA Info Desk)
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေကို တွေ့ရစဉ် (Photo: AA Info Desk)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရမ်းချောင်းအနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီ စစ်သုံ့ပန်းမိသားစုဝင်တွေ ထားရှိရာနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ် လုပ်ဆောင်ခဲ့တာကြောင့် ကလေးနဲ့ အမျိုးသမီး ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။


မနေ့ ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ စစ်သုံ့ပန်းမိသားစုဝင်နေရာကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူများပြားခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူတွေထဲ အချို့မှာ ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးနိုင်ချေရှိတယ်လို့လည်း AA က ဖော်ပြထားပါတယ်။



ရခိုင်ပြည်နယ် စစ်ပွဲများအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို AA က ပြန်လွတ်ပေးဖို့အတွက် စီစဉ်ဆောင်ရွက်ထားပြီး ယာယီထိန်းသိမ်းထားချိန်မှာ အခုလို ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ ၂၈ ဦးထဲတွင် အသက် ၅ နှစ်အောက် ကလေးသူငယ်အပါအဝင် ကလေး ၉ ဦးထိ ပါဝင်ခဲ့ပါတယ်။


ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းကလည်း ပေါက်တောမြို့နယ်က စစ်ကောင်စီ စစ်သုံ့ပန်းတွေကိုထားတဲ့ အကျဉ်းစခန်းနဲ့ ဆေးရုံကို စစ်ကောင်စီက ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၅၀ ကျော် သေဆုံးခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page