top of page

မန္တလေးမှာ အင်အားအသင့်အတင့်ရှိငလျင်နှစ်ခု ထပ်မံလှုပ်ခတ်

  • Writer: BVJ
    BVJ
  • Apr 24
  • 1 min read

BVJ/အိုင်းရစ် _ ဧပြီ ၁၇ ၊ ၂၀၂၅


မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့တွင်း ပြိုကျအဆောက်အအုံမှာ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို တွေ့ရစဉ် (Photo: MFSD)
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့တွင်း ပြိုကျအဆောက်အအုံမှာ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို တွေ့ရစဉ် (Photo: MFSD)

မန္တလေးမှာ ဒီနေ့နေ့လည် ၁ နာရီဝန်းကျင်က အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြန်မာငလျင်အခြေအနေကို စောင့်ကြည့်နေတဲ့ မြေငလျင်သတင်းများစင်တာနဲ့ USGS တို့က ဖော်ပြထားပါတယ်။


ရတနာပုံနည်းပညာတက္ကသိုလ်အနီးမှာ နေ့လည် ၁ နာရီ ၂ မိနစ်ဝန်းကျင်က ရစ်ချ်စကေး ၅.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြေငလျင်သတင်းများစင်တာက ဖော်ပြထားသလို မတ္တရာမြို့နယ်အနီးမှာလည်း ရစ်ချ်စကေး ၄.၆ အဆင့်ရှိငလျင် လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန်ဘူဗိဗေဒသုတေသနအဖွဲ့ (USGS) တို့က ဖော်ပြထားပါတယ်။


ဒီနေ့ နေ့လည် ၁ နာရီ ၃၂ မိနစ်က မန္တလေးမြို့ မြောက်ဘက် ၁၄ ကီလိုမီတာ (၈ မိုင်ခန့်) အကွာ မတ္တရာမြို့နယ် သလွန်ဖြူရွာနဲ့ တောင်ပြုံးဒေသအနီးမှာ အင်အား ၄.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ USGS က ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။


အင်အား ၅.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုနဲ့ပတ်သက်ပြီး မန္တလေးဒေသခံတွေက အင်အားအနည်းငယ်ပြင်းထန်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားကြပေမဲ့ စစ်ကောင်စီ လက်အောက်ခံ မိုးလေဝသနှင့် ဇလေဗဒဦးစီးဌာန (မိုးဇလ) က‌တော့ အင်အား ၄.၆ အဆင့်ရှိ ငလျင်တစ်ခု ပုသိမ်ကြီးမြို့ တောင်နဲ့ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာမှာ လှုပ်ခတ်ခဲ့တယ်လို့သာ ဖော်ပြထားပါတယ်။


စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်စကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီး နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု အကြိမ်ပေါင်း ၁၄၀ အထိရှိခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ထားပြီး မတ်လ ၂၈ ရက် အင်အားပြင်းငလျင်ကြောင့် ဒေသခံပြည်သူ ၃၇၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page