မန္တလေးနဲ့ နောင်ချိုမှာ တိုက်ပွဲတွေပြန်ဖြစ်နေလို့ မန္တလေး PDF အသိပေး
- BVJ

- Jan 23
- 1 min read
BVJ/ယူဂရင်း_ ဇန်နဝါရီ ၂၂၊ ၂၀၂၅

မနေ့က ဇန်နဝါရီ ၂၁ရက်ကစပြီး မန္တလေး PDFတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း၊ မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ မန္တလေးPDFက ဒီနေ့ ဇန်နဝါရီ ၂၂ရက်မှာ အသိပေးလာပါတယ်။
စစ်ကောင်စီက မတ္တရာမြို့နယ်အတွင်းကို လက်နက်ကြီးပစ်ခတ်မှုတွေသာမက မြေပြင်စစ်ကြောင်းတွေပါ အင်အားဖြည့်လာတာကြောင့် ဖယောင်းတောင် ၊ ထန်းပင်ကုန်းကျေးရွာနဲ့ မြို့ကုန်းကျေးရွာတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေတာလို့ ဆိုပါတယ်။
ဒါ့အပြင် နောင်ချိုမြို့နယ် သံဘိုကျေးရွာနားနဲ့ မန္တလေး၊ သပိတ်ကျင်းမြို့နယ် (၇)မိုင်ကျေးရွာတို့မှာလည်း နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်နေတယ်လို့ ပြောထားပါတယ်။
စစ်ကောင်စီဟာ နောင်ချိုမြို့နယ် လူနေရပ်ကွက်တွေကို ဒီနေ့နဲ့မနေ့က လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် လူသေဆုံးထိခိုက်မှုတွေ ရှိနေပါတယ်။







Comments