top of page

မတ္တရာမြို့ ထန်းပင်ကုန်းရွာကို မန္တလေး PDF သိမ်းယူ

  • Writer: Zayar Oo
    Zayar Oo
  • Dec 22, 2024
  • 1 min read

BVJ/အိုင်းရစ် _ ဒီဇင်ဘာ ၂၁ ၊ ၂၀၂၄


ပုံစာ - ထန်းပင်ကုန်းကျေးရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၂ ဦးနဲ့ လက်နက်ခဲယမ်းအချို့။
ပုံစာ - ထန်းပင်ကုန်းကျေးရွာတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၂ ဦးနဲ့ လက်နက်ခဲယမ်းအချို့။

မန္တလေးတိုင်း မတ္တရာမြို့နယ် ထန်းပင်ကုန်းရွာမှာ စစ်ကောင်စီတပ်နဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အခုလ ဒီဇင်ဘာ ၁၉ ရက်မှာ ထန်းပင်ကုန်းရွာကို အပြီးသတ် သိမ်းယူနိုင်ခဲ့တယ်လို့ MDY PDF က ထုတ်ပြန်ထားပါတယ်။


ထန်းပင်ကုန်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သုံ့ပန်းအချို့ကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ ထန်းပင်ကုန်းကျေးရွာကို သိမ်းယူနိုင်ခဲ့ပြီးနောက် အခြားနေရာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။


မတ္တရာမြို့ အရှေ့ခြမ်းကို MDY PDF က ထိန်းချုပ်ထားပြီး အနောက်ခြမ်းကိုတော့ စစ်ကောင်စီတပ်တွေက ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မတ္တရာအနောက်ခြမ်းမှာ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပြီး အခုလ ဒီဇင်ဘာ ၆ ရက်ကလည်း အနောက်ဘက်ခြမ်းမှာရှိတဲ့ ရွာသစ်ကျေးရွာ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောက်ကျေးရွာတို့ကို MDY PDF ပြန်လည်သိမ်းယူထားပါသေးတယ်။


မတ္တရာ အရှေ့ခြမ်းကိုလည်း စစ်ကောင်စီတပ်တွေ မကြာခဏ စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေတာကြောင့် အခုလ ဒီဇင်ဘာ ၂ ရက်ကလည်း မြို့ကုန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ MDY PDF တို့ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးအလောင်း ၇ လောင်းတွေ့ရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပါသေးတယ်။


လက်ရှိတွင် တကောင်း၊ သပိတ်ကျင်း၊ စဉ့်ကူမြို့နယ်တို့ကို MDY PDF က ထိန်းချုပ်ထား မိုးကုတ်မြို့ကို တအာင်းတပ်မတော် (TNLA) နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပေမဲ့ စစ်ကောင်စီတပ်နဲ့ မကြာခဏ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေ ရှိနေပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page