top of page

မင်းပြားမြို့သိမ်းတိုက်ပွဲကဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၂၀၀ ကျော်ကို AA ပြန်လွှတ်ပေး

  • Writer: BVJ
    BVJ
  • May 17, 2025
  • 1 min read

BVJ/ဇော် _ မေ ၁၇ ၊ ၂၀၂၅



ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၂၂၅ ဦးကို အာရက္ခတပ်တော် (AA) က ပြန်လွှတ်ပေးခဲ့တယ်လို့ AA တပ်တော်နဲ့နီးစပ်တဲ့ Arakan Princess Media က ဒီနေ့ မေလ ၁၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။


ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေကို ဒုတိယအကြိမ်အဖြစ် မနေ့ မေလ ၁၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး အမျိုးသမီး ၉၅ ယောက်နဲ့ ကလေးသူငယ် ၁၃၀ ကို လွှတ်ပေးလိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ကလည်း ပထမအကြိမ်အဖြစ် စစ်သုံ့ပန်းမိသားစုဝင် ၁၇၀ ဦးကို အာရက္ခတပ်တော် (AA) က လွှတ်ပေးခဲ့ပါသေးတယ်။


ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို AA တပ်တော်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး AA သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။



ယခုပြန်လွှတ်ပေးလိုက်တဲ့သူတွေဟာ မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေဖြစ်ပြီးတော့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကျွေးမွေးစောင့်ရှောက်ထားခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။


မင်းပြားမြို့ကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာဖြစ်ပြီးတော့ ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့ကလွဲပြီး ပလက်ဝမြို့အပါအဝင် မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။


အခုမေလအတွင်းမှာလည်း စစ်ကောင်စီနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေ အများဆုံးရှိနေတဲ့ ကျောက်ဖြူမြို့ကို AA တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒေသအချို့ကို သိမ်းယူထိန်းချုပ်ထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page